ကရင့်သွေးရဲ့ ရင်ဖွင့်သံ
အဖေကရင် အမေကရင်
ငါးလည်းကရင် ငါ့ရဲ့ မျိုးဆက်
အဆက်ဆက်သည် ဖြူစင်လှသော
ကရင်မျိုးသာ ဖြစ်စေရမည်။
ငါ့ရဲ့  —
လုပ်ဆောင်မှုသည် လူမျိုးအတွက်
ရည်ရွယ်ချက်သည် လူမျိုးအတွက်
အောင်မြင်အမှုသည် လူမျိုးအတွက်
တစ်နေ့ ငါသည် လူမျိုးအတွက်
ယုံကြည်လေးစား အားကိုးထိုက်သော
သူရဲကောင်းတစ်ဦး ဖြစ်စေရမည်။
စောနိုင်နိုင်
Advertisements
တာဝန်ကျေစေလိုပါသည်
မြန်မာပြည်တွင်းရှိ တိုင်းရင်းသားများ၏ လူမှုရေးပြဿနာများ
လွတ်လပ်ရေးရပြီးစ မြန်မာနိုင်ငံသည် ဒီမိုကရေစီအစိုးရ၏ ဦးဆောင်မှုနှင့်အတူ အာရှဒေသနှင့်အရှေ့   တောင်အာရှဒေသနိုင်ငံများအလယ်တွင် တိုးတက်သာယာဝပြောခဲ့သည်မှာ ငြင်းဆို၍ မရပေ။ဆန်စပါးတင်ပို့ မှု အများဆုံးနိုင်ငံဖြစ်လာခြင်းနှင့်အတူ မြေအောက် မြေပေါ်သယံဇာတများထွက်ရှိခဲ့မှုကြောင့် ပြည်တွင်းစစ်မီးအစ ပိုင်းဖြစ်ခဲ့သော်လည်း နိုင်ငံသားတိုင်းသည် ဖူလုံမှုအတွက်မပူပင်ရပေ။  အာရှတွင်အကြီးဆုံးဖြစ်သော နိုင်ငံတ ကာလေဆိပ်ကြီးနှင့် သင်္ဘောဆိပ်ကြီးတို့ ကို ပိုင်ဆိုင်ခဲ့လေသည်။ Continue reading
ကရင့်ဖါးစည်
ကရင်အမျိုးသားများ အမြတ်တနိုး ရှိလှသော အထဲတွင် ဖါးစည်သည် ထိပ်ဆုံးပါဝင်သည်။ ဖါးစည်ကို ကရင်ဘာသာဖြင့် “က္လို” ဟု (ကောဟ်)အသံပြီး ခေါ်ကြသည်။ အင်္ဂလိပ်ဘာသာအားဖြင့် (မြသသညဖနီမကာ) ဟုခေါ်သည်။ အမေရိကန်သာသနာပြု ဆရာကြီး(ဲောန် ၾေ်သည)ကမူ ကြေးစည်ဟု မြန်မာပြန်ဆို ရေးသားကြ သည်။ Continue reading
ကရင့်ရိုးရာဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာပွဲ
ကရင်အမျိုးသားများ၏ မင်္ဂလာရှိသော ရိုးရာဓလေ့ပွဲများအနက် ၀ါခေါင်လ ချည်ဖြူဖွဲ့ မင်္ဂလာပွဲ တော်သည် အလွန်မွန် မြတ်သော ရိုးရာပွဲတော်တစ်ခုဖြစ်ပါသည်။ ဤမင်္ဂလာပွဲတော်သည်ဘာသာရေး ပွဲတော် တစ်ခုမဟုတ်ပါ၊ ရှေးဘိုးဘေဘီ ဘင် ကရင်လူကြီးများ၏ အဆိုအမိန့် အရ ၀ါခေါင်လသည် မကောင်းဆိုးဝါးများ ၏ မြူးထူးပျော်ပါးသည့် လရာသီဖြစ်သ ည်။ ထိုမကောင်းဆိုးဝါးဝိဉာဉ်(လိပ်ပြာ)များသည် လူသားတို့ ၏ ၀ိဉာဉ်(လိပ်ပြာ)များထံခိုဝင်ပူးကပ်မှု ပြုတတ်သည့်အေ ပ်ါလူသားများ၏ ၀ိဉာဉ်(လိပ်ပြာ) နှင့်ပူးကပ်ကျွှမ်း ၀င်မည်ကို အလွန်စိုးရွံသဖြင့် မိဘဖိုးဘွားများမှာ တို့ သားသမီးမြေး မြစ်များ၏ ၀ိဉာဉ်(လိပ်ပြာ)ကိုခေါ်ပြီး သန့် ရှင်းဖြူစင်သည့် ချည်ဖြူဖြင့်  တုတ်ချည်၊ ချုပ်နှောင်လိုက်ခြင်းဖြစ်သည်။ Continue reading
စောမောပွယ် တကောင်းမြို့ တွင် ဘုရင်ဖြစ်လာပုံ
BC ၆၀၀ နောက်ပိုင်း ရှမ်းနှင့်ကရင်တို့ ပူးပေါင်းပြီး မောင်းထုတ်လိုက်ကြသည့် ကုလားများမှာ ဗမာပြည်သို့  ထပ်မံဝင်ရောက်လာကြပြီး ရှမ်းများကို တိုက်ခိုက်အနိုင်ယူလေသည်။ ၎င်းကုလားတို့ သည် ရှမ်းများအား တဖန်နှင်ထုတ်ပြီး“ပုဂံမြို့ ဟောင်း”ဟု ခေါ်သည့်မြို့ ကို တည်ထောင်လေသည်။
Continue reading
ဃဲဝါး)မြို့ (သို့ မဟုတ် တကောင်းမြို့ အကြောင်း
ကရင်လူမျိုးတို့ သည် ယူနန်ပြည် ယခု (တရုတ်ပြည်)တွင် နေထိုင်ခဲ့စဉ် ဖိနှိပ်မှု အမျိုးမျိုးကြောင့် ကပ်အမျိုးမျိုးဆက်ခဲ့ရသည်။ အသက်ရှင်နေထိုင်ရေးအတွက် ခက်ခက်ခဲခဲ လုပ်ကိုင်စားသောက်ကြရသည်။ ယင်းကြောင့် ယူနန်ပြည်တွင်ဆက်၍ မနေထိုင်လိုကြသဖြင့် ကရင်လူကြီးအချို့ က ယူနန်ပြည်မှ ထွက်ခွာလာကြသည်။ “တပိန်”မြစ်အတိုင်း စုန်ဆင်းလာကြသည်။ တဆင့်ပြီးတဆင့် စုန်ဆင်းလာရာမှ ယခု ကျွန်ုပ်ခေါ်သည့် မြစ်ကြီးနား၊ ဗန်းမော် ကသာ နှင့် မိုးကုတ်နယ်မြေများကို ရောက်ရှိလာကြသောအခါ ၎င်းတို့ က ဤနယ်မြေများသည် ၎င်းတို့ ၏ နေရေးထိုင်ရေး လုပ်ကိုင်စားသောက်ရေးအတွက် နေရာကောင်းဖြစ်သည်ဟု ယူဆပြီး ထိုကရင်လူကြီးတို့ သည် ယူနန်ဖက်သို့ ပြန်ကာ ထိုနေရာတွင် ရှိကြသည့် မိသားစုများ သားသမီးမြေးမြစ်များကို ပြန်ခေါ်ကြလေသည်။ သို့ ရာတွင် ချက်ချင်းပြန်၍ မဆင်းနိုင်ချေ။ ၎င်းတို့ အားလုံး ပြန်ဆင်းလာနိုင်ရန် ပြင်ဆင်နေချိန်တွင် ပြန်ဆင်းချိန်ကြာသွားသဖြင့် ဤအတောအတွင်း BC ၁၁၃၄ နှင့်  BC ၁၁၂၂  အာကြားတွင် ရှမ်းလူမျိုးတို့ က ကရင်တို့ ဆင်းသွားခဲ့သည့်လမ်းအတိုင်း တဆင့်ပြီးတဆင့် ဆင်းသွားကြကာ ကရင်တို့  ကြည့်ရှုမှတ်သားထားခဲ့သည့်နေရာသို့  ရောက်ရှိသွားကြသောအခါ ၎င်းတို့ သည် အခြေချနေထိုင်လေတော့သည်။ Continue reading