သူရဲကောင်းတို့ ၏မိခင်

၃ ရက် စက်တင်ဘာ ၂၀၀၉

Saw Ba U Gyi

ရေအခံ မြေအခံမရှိ

မျိုးစေ့ကလည်း မမှန်ရင်

ဘယ်မှာလျင် အပင်သန်မှာလဲ

ဘယ်မှာလျင် တော်ဝင်ဆန်မှာလဲ

ဘယ်မှာလျင် ကြာရှည်ခံမှာလဲ

နှစ်ခြောက်ဆယ် လေမိုးဒါဏ်

ကြံ့ကြံ့ခံ ရင်ဆိုင်ရင်း

သွေးချင်းချင်းနီလည်းခရီးဆက်

သူရဲကောင်းတို့ ရဲ့  မိခင်

အမှန်ပင် ဖြစ်ခဲ့ပြီ

 

အမျိုးသားကောင်းတို့ ရေ

မိခင်ကြီးရဲ့  သူ့ မေတ္တာနဲ့ သစ္စာထု

သက်သွေးချွေးများနဲ့ သက်သေပြုလို့ 

အာဇာနည်တို့ သွန်းထုပြ

သစ္စာပန်းအလှတို့  ပွင့်ခဲ့ပြီ

 

သူရဲကောင်းတို့ ရေ

သားစားဘီလူးရှေ့ မှာ

တချက်လေးမှ စိုးရွံ့ 

တချက်လေးမှ နောက်မတွန့် နဲ့ 

မိခင်က ရှေ့ ကသွားမယ်

လိုက်ခဲ့ကြ အောင်ပွဲဆီ

 

KNU ၏ နှစ် (၆၀)ပြည့် အထိမ်းအမှတ်

ရေဆန် KNU

31/ 01/ 2007

ကရင်သက္ကရာဇ် ၂၇၄၆ ခုနှစ် သနူထူ ဂျာနယ်မှ ပြန်လည်ကောက်နှုတ်တင်ပြထားပါသည်။

ဖါးစည်သံ

Advertisements

ဝဒေသမြောက်ပိုင်းသို့ နအဖစစ်တပ် လာရောက်တပ်စွဲ

 

 


ခိုင်လင်း / ၃ စက်တင်ဘာ ၂၀၀၉ 

သြဂုတ်လကုန်ပိုင်းမှစ၍ မိတ္ထီလာအခြေစိုက် တပ်မ (၉၉) လက်အောက်ခံ တပ်ရင်းများ ဝဒေသမြောက်ပိုင်း၊ ဟိုပန်မြို့နယ် အတွင်းရှိ ကျေးရွာများနှင့် တပ်စခန်းများတွင် အင်အားဖြည့်တင်း တပ်ချထားသဖြင့် ဝပြည်သွေးစည်း ညီညွတ်ရေးတပ်မတော်နှင့် နအဖတပ်များအကြား တိုက်ပွဲဖြစ်မည်ကို စိုးရိမ်ကာ ဒေသခံလူထု ထွက်ပြေးတိမ်းရှောင်မှုများရှိလာပြီး ဝနယ်မြေအတွင်း စီးပွားရေးလုပ်နေကြသည့် တရုတ်နိုင်ငံသားများလည်း ပြန်လည်ထွက်ခွာနေကြသည်။ရှမ်းပြည်နယ်၊ အထူးဒေသ (၁) နယ်မြေအတွင်း ကိုးကန့်တပ်ဖွဲ့နှင့် နအဖတပ်များ ယခင်လ (၂၇) ရက်နှင့် (၂၈) ရက်တို့တွင် အပြင်းအထန် တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း စစ်ကူအဖြစ် တပ်မ (၉၉) လက်အောက်ခံ တပ်ရင်း (၆) ခု ရောက်ရှိလာစဉ် တိုက်ပွဲပြီးဆုံးသွားသောကြောင့် ဟိုပန်မြို့နယ်အတွင်းရှိ တပ်စခန်းများတွင် တပ်ချထားခြင်းဖြစ်သည်ဟု ဝမြောက်ပိုင်းဒေသ တပ်မဟာ (၃၁၈) မှ အရာရှိတဦးက ပြောသည်။

၎င်းက “သူတို့ပြောတာကတော့ စခန်း ခဏချလာတာပေါ့။ လောက်ကိုင်ဘက်မှာ တပ်ချဖို့ အခက်ခဲရှိလို့ပေါ့။ စိုးရိမ်တာတွေ မရှိပါနဲ့ပေါ့။ ဒါက သူတို့အပြောပဲ။ အခုက အဲဒီက ကျေးရွာသားတွေ ကျနော်တို့ နမ့်တစ် အထူးမြို့နယ်ထဲကို ပြေးဝင်နေကြပြီ။ အချို့လည်း တရုတ်နယ်စပ်ဘက်ကို Continue reading

သင်တန်းတက်ရောက်နေသည့် ဒီကေဘီအေတပ် သားသစ်များကို စစ်မြေပြင်သို့ ပို့ဆောင်မည်

 ၂ ရက် စက်တင်ဘာ ၂၀၀၉

သင်တန်း တက်ရောက်နေသည့် ဒီကေ ဘီအေတပ်သားသစ်များကို စစ်မြေပြင် သို့ ပို့ဆောင် အသုံးချတော့မည်ဟု ဒီ ကေဘီအေ တပ်သားသစ် တချို့က ပြော ဆိုသည်။
ဇွန်လ ၂၀ရက်နေ့က ဒီကေဘီအေမှ တပ် သားနှစ်ယောက်ဖြစ်သည့် စောကျော် အဲ(၁၇)နှစ်နှင့် စောယဲယော် (၁၉)နှစ်တို့မှ  မြ၀တီမြို့နယ်အပိုင် ရွေကုက္ကိုလ်ရွာတွင် သင်တန်းတလအပြီး ကေအဲန်ယူထံ ပြန်လည် ပူးပေါင်းရောက်ရှိလာရာတွင် ထို့သို့ ပြောဆိုခြင်း ဖြစ်သည်။
စောကျော်အဲပြောဆိုချက်အရ ထိုသင်တန်းဆရာမှ သင်တန်းပြီးဆုံးလျှင် တခါတည်း စစ်မြေပြင်ကို ပို့ဆောင်မည်ဖြစ်ကြောင်း၊ အဆိုပါ သင်တန်းတွင် ၄င်းတို့နှင့်

Continue reading