တိုက်ပွဲများ ဖြစ်လာနိုင်ကြောင်း KNU ပြောဆို

 မဇ္ဈိမ (ချင်းမိုင်)။ ။ DKBA တပ်နှင့် နအဖ စစ်အစိုးရတပ်များနေရာချဲ့ထွင်လာပြီး KNU တပ်မဟာ ၆ နယ်မြေ၌ အခိုင်အမာနေရာချရန် စီစဉ်နေခြင်းကြောင့် တိုက်ပွဲများဖြစ်လာနိုင်ကြောင်း KNU အဆိုအရ သိရသည်။

စခန်းသိမ်းတိုက်ပွဲတခုတွင် တွေ့မြင်ရသည့် ကေအဲန်ယူကရင်ရဲဘော်တချို့ပုံ။

ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေအတွင်းရှိ မဲ့ကသာရွာတွင် ယခုလ ၂ ရက်နေ့က ဗိုလ်အေဝမ်းနှင့် ဗိုလ်စိုးမိုး ခေါင်းဆောင်သည့် အင်အား ၄ဝ ကျော်ရှိ DKBAတပ်များ ဝင်ရောက်နေရာယူခဲ့ကြပြီး ၎င်းတို့ကို ထောက်ကူရန် ဗိုလ်မှူးမြတ်ထွန်းအေး ဦးဆောင်သည့် အင်အား ၅ဝ ခန့်ရှိ ခလရ ၂၈၃ လည်း လိုက်ပါလာကြောင်း သိရခြင်း ဖြစ်သည်။ ဗိုလ်အေဝမ်း ခေါင်းဆောင်သည့် DKBA တပ်ဖွဲ့ဝင်များသည် မဲ့ကသာရွာသို့ ရောက်ရှိလာပြီး ရွာသားများအား လုပ်အားပေး ခေါ်ဆောင်၍ စစ်တိုက်ရာတွင် အသုံးပြုသည့် ခံတုတ်ကျင်းများ တူးခိုင်းနေသည်။

“ဒီတခါတော့ သူတို့ ခံတုတ်ကျင်းတွေ တူးပြီးတော့ အခိုင်အမာတည်မယ့်ပုံ ရှိတယ်။ တကယ်လို့ သူတို့ အဲဒီမှာ အခိုင်အမာယူမယ်။ ရန်သူတပ်ကလည်း နောက်က ပါလာမယ်ဆိုရင်တော့ သူတို့ ထိုးစစ်လုပ်လာတဲ့အပေါ်မှာ ကျနော်တို့ဘက်ကတော့ Continue reading

Advertisements