ဘန်ကောက်တွင် မူးယစ်ဆေးပြား သန်း ၁၀၀ သိုလှောင်ထားဟု ထိုင်းက ယူဆနေ
ဘန်ကောက်တွင် မူးယစ်ဆေးပြား သန်း ၁၀၀ သိုလှောင်ထားဟု ထိုင်းက ယူဆနေ Print E-mail
ဥဆာ ဖိချိုင်း   
အင်္ဂါနေ့၊ စက်တင်ဘာလ 08 ရက် 2009 ခုနှစ် 21 နာရီ 35 မိနစ်
ချင်းမိုင်။     ။ ၈ စက်တင်ဘာ ၂၀၀၉ – မူးယစ်ဆေးဝါးမှောင်ခိုသမားများက ဘန်ကောက်မြို့အနီးတဝိုက် တွင် မူးယစ်ဆေးပြား သန်း ၁ဝဝ ခန့် သိုလှောင်ထားသည်ဟု ထိုင်းအရာရှိများက ယူဆနေ ကြသည်။
ထိုသို့ဖြန့်ဖြူးရောင်းချရန် သိုလှောင်ထားသူ မူးယစ်ဆေး မှောင်ခိုသမားပေါင်း တသိန်းခန့်အထိ ရှိနိုင်သည်ဟုလည်း ဘန်ကောက်ရဲအဖွဲ့က အကြီးဆုံး အိုက်စ် (Ice) မူးယစ်ဆေးဝါး ဖမ်းဆီးမှုကြီး ဖြစ်ပွါးအပြီး ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ဘန်ကောက် မူးယစ်ဆေးဝါး ထိန်းချုပ်မှုဘုတ်အဖွဲ့ ဒါရိုက်တာ ပရာယုန်ပရီယာဂျစ် (Prayong Preeyajit) က ဘန်ကောက်တွင် ကျင်းပသော ကွန်ဖရင့်တခုတွင် ပြောကြားရာ ၌ မူးယစ်ဆေးဝါးဖြန့်ဖြူးသူနှင့်သုံးစွဲသူပေါင်း Continue reading
Advertisements
ရန်ပုံငွေအတွက် ဆမုဆာခွန် (မဟာချိုင်းမြို့) လူဝင်မှုကြီးကြပ်ရေးဌာန မြန်မာဂီတ ရုံသွင်း
Wed 09 Sep 2009, IMNA, မွန်ဂျစ်
ထိုင်းနိုင်ငံမဟာချိုင်းမြို့ရှိ ထိုင်းလူဝင်မှုကြီးကြပ်ရေး (တော်မော်)နှင့် မဟာ ချိုင်းမြို့ရှိ မြန်မာနိုင်ငံသား လူပွဲစားတို့ ပူးပေါင်းပြီး  ရန်ပုံငွေအတွက် မြန်မာ ဂီတ ရုံသွင်း ပြသမည်ဖြစ်ကြောင်း ထိုင်းလူဝင်မှုကြီးကြပ်ရေးဖွဲ့ နှင့် နီးစပ် သူတစ်ဦးက ဆိုပါသည်။
လူဝင်မှုကြီးကြပ်ရေးရုံး ပြုပြင်ရန် ရံပုံငွေဆိုပြီး မဟာချိုင်းမြို့ ထိုင်းလူဝင် မှုကြီးကြပ်ရေးက ဂီတစတိတ်ရှိုး ရုံသွင်းခြင်းဖြစ်သည်ဟု ၄င်းကဆက် ပြော ပါသည်၊၊
လူဝင်မှုကြီးကြပ်ရေးရုံးမှ ထိုင်းအရာရှိတို့သည် မြန်မာနိုင်ငံအလုပ်သမား အများရှိသည့် အလုပ်ရုံနှင့် တိုက်ခန်းနေရာသို့  လူလွှတ်ပြီး ဂီတပွဲအတွက် အထူးရိုက်ထုတ်ထားသည့် အင်္ကျ Continue reading
ဒီကေဘီအေက ကရင်အမျိုးသားအပေါ် သစ္စာဖေါက်တဲ့အဖွဲ့ တဖွဲ့ အဖြစ် မိမိကိုယ်မိမိ ထုတ်ဖေါ်ပြသ
ကရင့်အမျိုးသားအလံတော် မီးရှို့ ပြာချ ခံရ၊ ဗိုလ်ဆန်ပြုတ်အပိုင်း (၁၁)
ဗိုလ်ဆန်ပြုတ် ဈာပန နောက်ဆုံးအပိုင်းဖြစ်သော အပိုင်း(၁၁) ကို စောင့်မျှော်နေသူတွေ အတွက် ယခုတင်ဆက်ပေးလိုက် ပါပြီ။
ဗမာပြည်အုပ်စိုးသူ အဆက်ဆက်ဟာ ကရင်လူမျိုးတွေကို အညိုးကြီးစွာဖြင့် ခေတ်အဆက်ဆက် စနစ်တကျ မျိုးပျောက်အောင် အကောင်အထည်ဖေါ်လျက်ရှိနေပါသည်။ သူတို့ ရဲ့ ရည်ရွယ်ချက်က အနာဂတ်မှာ ကရင်လူမျိုး ပပျောက်ရေးပင်ဖြစ်သည်။ ထင်ရှားသော သဓက တွေက
(၁) အမျိုးသားအာဇာနည်ခေါင်းဆောင်ကြီး စောဘဦးကြီး၏ အလောင်းကို ပင်လယ်ပြင်ထဲသို့ ပစ်ချ အစဖျောက်ခြင်း
သမိုင်းမှာ နောင်လာနောက်သားတွေကို ဘာမှအထောက်အထားမပြနိုင်အောင် သမိုင်းနှင့်ချီ၍ စနစ်တကျ ဖျက်ဆီးထားပါသည်။
(၂) ဗိုလ်လင်းထိန် လို စစ်ရေးတွင် နာမည်ရှိသော သူ၏ အလောင်းကိုလည်း ပင်လယ်ထဲ အစဖျောက်ပါသည်။
(၃) ဗမာ့တပ်မတော် တပ်မှူးတစ်ဦးဖြစ်သော ဗိုလ်ချူပ်မောင်လှက မြပဒိုင်ရွာတွင် ပြောသွားသည်မှာ “နောင်တချိန်မှာ ကရင်လူမျိုးတွေကို တွေ့ ချင်ရင် ပြတိုက်မှာ သွားကြည့်ပါ” ဟုဆိုပြီး မဟာဗမာဝါဒီ ဇာတိသွေးကို ကမ္ဘာသိ ထုတ်ဖေါ်ပြောဆို ပြီးဖြစ်သည်။
(၄) ၁၉၉၇ ခုနှစ် ဖေဖေါ်ဝါရီတွင် အမျိုးသားသစ္စာဖေါက် စောသူးမူးဟဲ ရန်သူထံ လက်နက်ချစဉ် အချိန်အတွင်းမှာ ယခုလက်ရှိ ဗမာ့တပ်မတော် ဒုတိယ ကာကွယ်ရေးစစ်ဦးစီးချူပ် ဗိုလ်မှူးချူပ်မောင်အေးက ကရင်လူမျိုးတို့ ရဲ့ အမျိုးသားအလံတော်ကို စစ်ဖိနပ်ဖြင့် ရိုင်းပျစွာ နင်းခြေပြ၍ မြန်မာ့တီဗွီတွင် ထုတ်လွင့်ပြသခဲ့ပါသည်။ (မင်းတို့  ကရင်တွေကို အမျိုးပြုတ်အောင် လုပ်မယ်ဆိုပြီး ကရင့်အလံကို နင်းပြသွားခဲ့ ပြီးဖြစ်ပါသည်။
(၅) သာမည ဆရာတော်ရဲ့ ရုပ်ကလပ်ကို ဖျောက်ပစ် အစဖျောက် ခြင်းပဲဖြစ်ပါသည်။ သာမည ဆရာတော်သည် ပအို့  အနွယ်ဝင်ဖြစ်ပါသည်။ ပအို့ နှင့်ကရင်သည် အနွယ်ခြင်းဆက်စပ်သူများဖြစ်သည်။ ၁၉၃၆ ခုနှစ် မေလ(၆)ရက်နေ့  ဗမာပြည်ဘုရင်ခံ၏ ထုတ်ပြန်ချက်အရ ကရင်လူမျိုးနွယ်(၁၁)စုရှိသည်။ ထိုအထဲတွင် ပအို့ အနွယ်ပါဝင်သည်။ ဒါတွေကို ကောင်းကောင်းသိထားသော နအဖ စစ်အစိုးရက လူတကာ ကြည်ညိုလေးစားသော သာမညဆရာတော်၏ရုပ်ကလပ်ကို မြေပေါ်တွင် ထင်ထင်ရှားရှား မှတ်တိုင်တစ်ခုအဖြစ် စိုက်ထူမည်ကို လက်မခံနိုင်ပါ။။ သာမည ဆရာတော်ရုပ်ကလပ် ပျောက်သွားခြင်းသည် တိုင်းရင်းသားမျိုနွယ်စုတွေကို စနစ်တကျ ပြင်ဆင်ဖျောက်ဖျက်ခြင်းဖြစ်ပါသည်။ ပအို့ ကို မျိုးဖြုတ်ခြင်းသည် ကရင်၊ ကရင်နီတို့ ကို မျိုးဖြူတ်ခြင်းဖြစ်သလို ကရင်ကို မျိုးဖြုတ်ခြင်းသည် ပအို့ ၊ကရင်နီတို့  ကိုမျိုးဖြုတ်ခြင်းနှင့်အတူတူဖြစ်သည်။ ယခုသမည ဆရာတော်ရဲ့ ရုပ်ကလပ် ဘယ်ရောက်နေသလဲ?
(၆) ယခုဗိုလ်ဆန်ပြုတ် ရဲ့အလောင်းနဲ့ အတူ ကရင်အမျိုးသားအလံတော်ကို ပြာချလိုက်ပြီးဖြစ်ပါသည်။ ဒီပွဲမှာ ကရင်အလံကို မီးရှို့ ပစ်တာ တရားခံဘယ်သူလဲ?
ဒီကေဘီအေ တို့ ရေ မင်းတို့ ကိုယ်တိုင် ကရင်အလံကို မီးရှို့ တာလား? ။ ဒါမှမဟုတ် နအဖ စစ်တပ် တပ်မ ၂၂ တိုင်းမှူး  ရှို့ ခိုင်းတာလား? ။ ဒါမှမဟုတ် ဒီကေဘီအေ ထိပ်ပိုင်းလူတွေနဲ့  နအဖ တပ်တိုင်းမှူးတို့ ပူးပေါင်းပြီး ရူးချင်ယောင်ဆောင်ပြီး ကရင့်အလံတော်ကို မီးရှို့ တာလား ဆိုဒါတွေကို ပြန်ဆန်းစစ်စေချင်သည်။ ဒီကိစ္စနှင့်စပ်လျဉ်း၍ ဒီကေဘီအေ တပ်သားတိုင်း သိနိုင်မှာမဟုတ်သလို ဥာဏ်မှီမှာ လည်းမဟုတ်ပါ။ ဒါဟာ ကရင်လူမျိုးတွေကို စနစ်တကျ နံနိုမ်ဦးချိုးတဲ့လုပ်ရပ်တွေဖြစ်တယ်…ကိုယ့်ကိုယ်ကိုကရင်တစ်ဦး အဖြစ်ခံယူသေးရင် ဒီကေဘီအေ တပ်သားများ ဒီကိစ္စကို ဖေါ်ထုတ်စေချင်သည်။
အစဉ်အလာအရ နိုင်ငံတော်ဈာပန အခမ်းအနားတွင်သော်လည်းကောင်း၊ တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်ပေးသွားသောသူတွေရဲ့ ဈာပန အခမ်းအနားတွင်သော်လည်းကောင်း စစ်အခမ်းအနားပြီးရင် အလောင်းကို မသဂြိုလ်မီ အလံတော်ကို ပြန်သိမ်းထားပါသည်။ ဘယ်သူမှမီးမရှို့ ပါ။ ကမ္ဘာနှင့်ချီ၍ ဘယ်သူ့ မှ ဒီလို အလံတော်ကို မီး မရှို့ ပါ။ အမေရိကန်တွင် ဈာပန အခမ်းအနားပြီးရင် ထိုအလံတော်ကို ကျန်ရစ်သူမိသားစုအား အမှတ်တရ ပြန်ပေးသည့် အစဉ်အလာတော့ရှိပါသည်။
အခုတော့ ကရင်အမျိုးသားအလံ မီးရှို့ ပြာချခံရလေပြီ။။။။ တရားခံဘယ်သူလဲ…….ကရင်အမျိုးသားအပေါင်းတို့  ……စုံစမ်းဖေါ်ထုတ်ကြပါ……
ဖါးစည်သံ
သောသီခိုဘလောဂ်မှတဆင့် ကိုးကားဖေါ်ပြထားသည်။