ဘန်ချလွန် (aersofp)ဖိနပ်ရုံတွင် အလုပ်သမားများဆန္ဒပြ
၂ ရက် အောက်တိုဘာ ၂၀၀၉
အလုပ်သမားများ ဆန္ဒပြရခြင်းအကြောင်းက အလုပ်ရုံကစာရေးမများအား အလုပ်သမားများရဲ့ လုပ်အားခကို ခေါင်းပုံဖြတ်သည့်အတွက် ဆန္ဒပြရသည်ဟု အလုပ်ရုံက အလုပ်လုပ်နေကြသည့် ကရင်လုပ်သမားတစ်ဦးက ပြောသည်။
 အလုပ်သမားများ ဆန္ဒပြမကြာခင်မှာ ကင်းလှည့်ရဲကားတစီးဝင်ရောက်လာပြီး လူစုခွဲလိုက်သည်။ ည ၁၀း၀၀ နာရီအချိန်တွင် အခြေအနေပုံမှန်ရှိသွားပြီး မနက်ဖြန်မှာ အလုပ်သမားများ အလုပ်မဆင်းနိုင်ဟု ပြောခဲ့သည်။
 စမိုပါကာနယ် ဘန်ချလွန် (aersofp)ဖိနပ်ရုံကုမ္ပဏီသည် အလုပ်လုပ်နေကြသည့် ထိုင်းနှင့်မြန်မာအလုပ်သမားများ စုစုပေါင်း အလုပ်သမား (၄၀၀၀)ခန့် ရှိပြီး၊ ရွှေ့ ပြောင်းမြန်မာအလုပ်သမားများ (၂၀၀၀)ခန့် အလုပ်လုပ်နေလျက်ရှိသည်ဟု သိရသည်။
ဖါးစည်သံ
Advertisements
သက်ဆိုင်သူနှင့် အများပြည်သူသိစေရန်
မကြာသေးခင်ရက်ပိုင်းတွင် နအဖတပ်နှင့် ဒီကေဘီအေ ပူးပေါင်းတို့ ၏ ညွန်ကြားမှု အစီအစဉ်ဖြင့် ထိုင်းနိုင်ငံ မဲဆောက်မြို့  နှင့် ၄င်းပန်းဝန်းကျင်ဒေသအတွင်းသို့  ကြေးစားလူသတ်သမား (၁၅)ဦး စေလွတ်ထားသည် ဟုသိရပါသည်။ ရည်ရွယ် ချက်ပစ်မှတ်တွေက KNU ထိပ်ပိုင်းခေါင်းဆောင်များကို ရှာဖွေရန် ရှင်းလင်းပစ်ရန် နှင့် FTUB ခေါင်းဆောင်အချို့ လည်း ပစ်မှတ်တွင် ပါဝင်သည်ဟုသတင်းရရှိပါသည်။
ဒီသတင်းရရှိပြီး ပို့ စ်တင်သင့်မတင်သင့် စဉ်းစားနေချိန်တွင် မြိုင်ကြီးငူဆရာတော် ထုတ်ပြန်တဲ့ စာလည်း တဆက်တည်း ထွက်ရှိလာပါသည်။ ဒီဆက်စပ်မှုကို ကြည့်ခြင်းဖြင့် မရိုးသားမှုတွေ ဆက်စပ်တွေ့ ရှိနေရပါသည်။ မည်သို့  ပင်ဖြစ်စေကာမူ KNU အထွေထွေ အတွင်းရေးမှူး ချူပ်ဟောင်း ပဒိုမန်းရှာလန်းဖန်း လုပ်ကြံခံရမှု ပုံရိပ်များသည် အများပြည်သူ မြင်ကွင်း တွင် ထင်ထင်ရှားရှား ရှိနေဆဲဖြစ်သည်။ သက်ဆိုင်သူများအားလုံးကို သတိဖြင့် နေစေချင်ပါသည်။ ဒီ့ပြင် အမှန်တရားကို ချစ်များနိုးတဲ့ တိုင်းရင်းသားညီကိုယ်အားလုံး အထူးသဖြင့် ထိုင်း-မြန်မာ နယ်စပ်တွင် နေထိုင်သူအားလုံး သတိဖြင့် နေကြ၍ မသင်္ကာသူ များတွေ့ ရင်သက်ဆိုင်သူ များသို့  အချိန်မှီ သတင်းပို့ ဖြန့် ချီပါရန် တိုက်တွန်းလိုပါသည်။
သောသီခိုဘလောဂ်မှ ကိုးကားဖေါ်ပြသည်။
ဖါးစည်သံ
အချင်းချင်း အပစ်ရပ်ကြရန် မြိုင်ကြီးငူဆရာတော် စာထုတ်ဝေ
mm
ဒီသတင်းကို အတည်ပြုရန် မဖြစ်နိုင်သေးပါ။ အဘယ်ကြောင်းနည်း ? ထုတ်ဝေသည့်ရက်စွဲနှင့် ဆရာတော်လက်မှတ် မပါဟုဆိုထားပါသည်။ အကယ်၍ မြိုင်ကြီးငူ ဆရာတော် တကယ်ထုတ်ပြန်သည့်စာဖြစ်သည့်တိုင် စာထုတ်ဝေပြီး တပ်မဟာ (၆) (၇) (၅) (၃) ဒေသတွင် ဒီကေဘီအေ တပ်တို့ နအဖ ခိုင်းသမျှ ယနေ့ အထိသောင်းကျန်းနေဒါတွေဟာ ယုတ္တိမရှိတဲ့အရာတွေပါ။ တကယ်ပြန်လည်သင့်မြတ်ရေးလမ်းကို ရွေးချယ်မယ်ဆိုရင် (၁)နအဖ ရဲ့ လက်ကိုင်တုတ် ခိုင်းစရာသတ္တ၀ါ တွေအဖြစ်မှ ပထမဦးဆုံး ရုန်းထွက်ပါ။ (၂) တပ်မဟာ (၇)(၆)(၅)(၃) ဒေသတွင် နအဖ နှင့်တွဲဖက် ပါဝင်နေသောဒီကေဘီအေ တပ်တွေ အားလုံးပြန်ဆုတ်ပြီး ကိုယ့်ဟာကိုယ်အေးအေးဆေးဆေး နေကြပါ။ (၃) နအဖ တပ်များ ကေအဲန်ယူ ကို ထိုးစစ်ဆင်ရာ၌ ဒီကေဘီအေတို့  ထိန်းချူပ်ရာနယ်မြေတွေ၌ ရွာသားတွေကို အကာအကွယ်ပေးပါ။
အထက်ပါ အချက်တွေဟာ လက်တွေ့ ဆန်သည့် ပထမဦးဆုံး စတင်လုပ်ဆောင်ရမည့် အရာများဖြစ်သည်။ အကယ်၍ ဒါတွေကို လက်တွေ့ မပြနိုင်ရင် ဒီစာသည် တမင်ရည်ရွယ်ချက်ရှိရှိ ထုတ်ပြန်သည့်စာဖြစ်၍ ရှေးတလှမ်းတိုးဖို့ အတွက် နောက်တလှမ်းကို ဆုတ်ပြီး ဒီကေဘီအေ တို့  ခေတ္တာ ခွန်အားပြန်လည်စုဆောင်းခြင်းသာ ဖြစ်သည်။ ဘယ်သူက စတိုက်သနည်း ? ဘယ်သူက ကရင့်အမျိုးသားရေးကို သွေဖယ်ပြီး ကိုယ်ကျိုးအတွက် မိုက်မဲစွာ စစ်ခင်းကြသနည်းဆိုဒါ အများပြည်သူ အားလုံးသိပြီး ဖြစ်ပါသည်။
သေချာဒါက ဒီကေဘီအေ ထိပ်ပိုင်းခေါင်းဆောင် တချို့ ဟာ ကရင်တွေ မဟုတ်ကြတော့ပါ။ ကရင်သွေး ကရင်စိတ် မရှိတော့တဲ့သူ တွေကို အခွင့်အရေး ဆက်ပေးနေခြင်းသည် မီးမြိုက်ထားသော အဆိပ်ပင်ကို ပြန်ပြီး နေရာရွေ့  စိုက်ပြီး အသက်ဆက်ရန် အတွက် ရေလောင်းပေးနေသလို ဖြစ်မည်ဆိုဒါ အားလုံးကို အသိပေးလိုပါသည်။ ဗမာလူမျိုးတိုင်း အကုန် မဆိုးဘူး…..ကရင်လူမျိုးတိုင်း..အကုန် မကောင်းဘူး.. မကောင်းသူကိုဖယ်…ကောင်းသူများနှင့် လက်တွဲ ကြရပါမည်။။။။။ အဓိက တရားခံသည် နအဖ စစ်အာဏာရှင် လူတစုနှင့် ကရင်အမျိုးသားသစ္စာဖေါက် ကိုယ်ကျိုးကြည့် အချောင်သမား တစ်စုသာဖြစ်သည်
စက်တင်ဘာလ ၃၀ရက်။ ကေအိုင်စီ
ကေအဲန်ယူနှင့် ဒီကေဘီအေ နှစ်ဖက်လက်နက်ကိုင် သားတပည့်များ မိမိတို့ ကရင်အချင်းချင်း တိုက်ခိုက်သတ်ဖြတ်နေကြသည်ကို ရပ်ဆိုင်း၍ လာမည့် နှစ်သစ်ကူးနေ့ မတိုင်မီ အပစ်အခတ်ရပ်စဲကြရန် မြိုင်ကြီးငူအထူးဒေသမှ ဆရာတော်ဘဒ္ဒန္တ သုဇနက ယမန်နေ့က စာထုတ်ဝေလိုက်သည်။
ဆရာတော်၏ ပြုံးရယ်နေသော ဓာတ်ပုံနှင့် ‘မြိုင်ကြီးငူအထူးဒေသ’ စာလုံးနောက်ခံများဖြင့် ရေးသားထားသည့် ဆရာတော်စာ ၏ အစတွင် “မမျှော်လင့်ဘဲ ဒီကေဘီအေ အဖွဲ့အစည်းတရပ် ဗြုန်းစားကြီး ပေါ်ပေါက်လာကာ ကေအဲန်ယူနှင့် ဒီကေဘီအေ ဟူ၍ ကရင်အမျိုးသားလက်နက်ကိုင်နှစ်ဖွဲ့ ဖြစ်လာရခြင်းမှာ သမိုင်း၏ တောင်းဆိုချက်အရ ဖန်တီးဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း” ထည့်သွင်းရေးသားထားသည်။
ထုတ်ဝေသည့်ရက်စွဲနှင့် ဆရာတော်၏ လက်မှတ် ရေးထိုးထားခြင်းမရှိသည့် အဆိုပါစာ၏ အဆုံးပိုဒ်တွင် “နှစ်ဖက်သော လက် နက်ကိုင်အဖွဲ့သားများသည် အတိတ်မှ ဆိုးကျိုးများကို သင်ခန်းစာယူလျှက် အချင်းချင်း အပြန်အလှန် သင်ပုန်းချေပြီး နား လည်ခွင့်လွှတ်ကြကာ မတူညီသည့် အတွေးအခေါ်များကို တူညီမှုရသည်အထိ တွေ့ဆုံညှိနှိုင်းဆောင်ရွက်ကြစေလိုသည်”ဟူ၍ ပါရှိသည်။
ထိုကိစ္စနှင့်ပတ်သက်၍ ကေအဲန်ယူ တပ်မဟာ(၇)မှူး ဗိုလ်မှူးချုပ်စောဂျော်နီက “ကျနော်တို့က သင်ပုန်းချေခဲ့နေတာ ကြာပါပြီ။ အပစ်ခတ်ရပ်ဖို့ဆိုရအောင် ဒီကေဘီအေက နအဖနဲ့ပေါင်းပြီး ကျနော်တို့ကို အာရ်ပီဂျီဗုံးသီးတွေနဲ့ လာပစ်သွားတာကိုတောင် ရှောင်ခွာပေးခဲ့တာ ကျနော်တို့ ငြိမ်းချမ်းရေးကို လိုလား၊ မလိုလား သိနိုင်ပါတယ်။ လွန်ခဲ့တဲ့နှစ်တွေကလည်း ဒီလိုပဲ စာရေးလာ ပြီး ဆရာတော်ရဲ့ အရိပ်အောက်မှာ ပြန်လာနေခိုင်းတယ်။ ဒီကေဘီအေဟာ သက်တမ်း ၁၅နှစ်ရှိပြီ။ နအဖခိုင်းတာ လုပ်ပြီး ကိုယ့်ကရင်လူထုကိုတောင် ဘာမှမကာကွယ်ပေးနိုင်ရင် ကျနော်တို့ပြန်သွားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စာနဲ့ပဲရေးနေပြီး အ ကောင်အထည်မဖော်နိုင်တော့ ဘာအဓိပ္ပါယ်ရှိမှာလဲ”ဟု ကေအိုင်စီကို ပြောသည်။
ပြီးခဲ့သည့် ဇွန်လက နအဖတပ်များ၏ နောက်ခံပေးမှုနှင့် ဒီကေဘီအေက ကေအဲန်ယူက တပ်မဟာ(၇)ကို ထိုးစစ်ဆင်ရာ တပ် မဟာဌာနချုပ်နှင့် တပ်ရင်းနေရာများကို ကေအဲန်ယူမှ စွန့်ခွာပေးခဲ့ရသည်။ ၎င်းအပြင် ဒီကေဘီအေတပ်ဖွဲ့ဝင်များသည် နအဖ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းကာ ကေအဲန်ယူ တပ်မဟာ(၆)နှင့် တပ်မဟာ(၅)ကို ဆက်လက်၍ ထိုးစစ်ဆင်လှုပ်ရှားလျှက်ရှိသည်။
ဒီကေဘီအေတပ်ဖွဲ့သည် မြိုင်ကြီးငူဆရာတော်၏ ဦးဆောင်မှုအောက်တွင်သာ ယခုအချိန်ထိ ရပ်တည်လျှက်ရှိသည့်အတွက် ဆရာတော်သည်သာ အခရာအကျဆုံး ပုဂိုလ်ဖြစ်ပြီး ဒီကေဘီအေ ထိပ်ပိုင်းခေါင်းဆောင်များကို အမိန့်ပေး ညွှန်ကြားနိုင်သူဖြစ် သည်ဟုလည်း ဗိုလ်မှူးချုပ်စောဂျော်နီက ထောက်ပြပြောဆိုခဲ့သည်။
လွန်ခဲ့သည့် သြဂုတ်လပိုင်းက ဒီကေဘီအေ (၉၉၉)တပ်မဟာမှ ဗျူဟာမှူး ဗိုလ်မှူးကြီးစောချစ်သူက ဒီကေဘီအေအနေဖြင့် ငြိမ်းချမ်းရေးကို လိုလားပြီး အမျိုးဘာသာ၊ သာသနာထွန်းကားရေးအတွက် မြိုင်ကြီးငူဆရာတော်ဘုရားကြီး၏ လမ်းညွန်မှုဖြင့် လုပ်ဆောင်နေကြောင်းနှင့် နယ်စပ်သို့ထွက်ပြေးနေရသည့် ကရင်ရွာသူရွာသား ဒုက္ခသည်များ ၎င်းတို့ရပ်ရွာသို့ ပြန်မလာနိုင် အောင် ကေအဲန်ယူမှ မိုင်းထောင်ထားကြောင်း စွပ်စွဲကာ ထုတ်ပြန်ချက်တစောင် ရေးသားခဲ့သေးသည်။
မြိုင်ကြီးငူဆရာတော်၏ ထုတ်ပြန်စာအပေါ် ဒီကေဘီအေ အရာရှိများ၏ အမြင်သဘောထား သိရှိနိုင်ရန် ကေအိုင်စီမှ ဆက် သွယ်မေးမြန်းသော်လည်း အဆက်အသွယ်မရခဲ့ပေ။
တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ)သည် ၁၉၉၄ခုနှစ်တွင် ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)မှ ခွဲထွက်ကာ မြန်မာစစ်အစိုးရနှင့် ပြန်လည်ပူးပေါင်းခဲ့ပြီး ထိုနှစ် ဒီဇင်ဘာလ ၂၁ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ သည့် ကရင်လက်နက်ကိုင်အဖွဲ့တခု ဖြစ်သည်
ဖါးစည်သံ
အဲခေါင်သောင့်နှင့်သောသီခိုဘလောဂ်သတင်းမှ ကိုးကားဖေါ်ပြသည်။
ကရင်မျိုးနွယ်စုများ မြန်မာများနှင့် လက်တွဲတိုက်ပွဲဝင်ခြင်း အင်္ဂလိပ်မြန်မာ ပထမ စစ်ပွဲများ
၂၇  ရက် စက်တင်ဘာ ၂၀၀၉
၁၈၂၅ – ခုနှစ် မေလ (၇)ရက်နေ့ မှာ ဗြိတိသျှတပ်နှင့်မြန်မာတပ်တို့ စတင် တိုက်ခိုက်တယ်။ ဗြိတိသျှတို့ ဖက်မှ ကပ္ပတိန်ရို့  ကပ္ပတိန်ကင်နွန် တပ်သာအများအပြား ကျဆုံးသွားကြတယ်။ စစ်ဦးစီးမှူး ဂျင်နရယ်ကော့တန်က တပ်များကို ပြန်ဆုတ်စေပြီး နောက်ပိုင်းတန်းပျက်ပြီး စစ်အကူတောင်းရသည်။
ဓနုဖြူခံတပ်တိုက်ပွဲမှာ မြန်မာတပ်တွေနဲ့ အတူ ဓနုဖြူအရှေ့ နှင့် အနောက်ဖက်မှာရှိတဲ့ တလမျိုးချောင်းဖျား သဘောသဗြုကျေးရွာတွေက ကရင်အမျိုးသားများဟာ ရွတ်ရွတ်ချွန်ချွန် ပါဝင်တိုက်ခိုက်ကြတယ်။ မဟာဗန္ဒုလနှင့်အတူ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ကရင်ခေါင်းဆောင်ကတော့ ဗိုလ်ဟန် ဖြစ်တယ်။
အင်အားမမျှလို့ စစ်သူကြီးမဟာဗန္ဒုလ ကျဆုံးသွားတဲ့အတွက် ၁၈၂၅- ခုနှစ် ဧပြီလ(၂)ရက်နေ့ မှာ ဓနုဖြူခံတပ် ကျဆုံးသွားခဲ့ရတယ်။ ဓနုဖြူခံတပ်က ဆုတ်ခွါခဲ့ရတဲ့ ကရင်၊ဗမာအင်အားစုကို ရွှေလဲဗိုလ်နှင့် ကရင်အမျိုးသား မန်းကျားတို့  က ဦးဆောင်ပြီး ဓနုဖြူခံတပ်ကို ပြန်လည်တိုက်ခိုက်ခဲ့ကြတယ်။ ဗြိတိသျှတပ် အင်အားကြီးမားလို့ တိုက်မရဘဲ ဆုတ်ခွါခဲ့ရတယ်။ ဗြိတိသျှတပ်ကလည်း ဆုတ်ခွါလာတဲ့ ကရင်ဗမာအင်အားစုနောက်ကို လိုက်လံတိုက်ခိုက်တဲ့အတွက် ရွှေလန်ဘို ကျုံပျော်မြောက်ပိုင်းဆောက်တန်းတောမှာ ကျဆုံးသွားတယ်။ ကျန်ရစ်တဲ့ ကရင်၊ဗမာ အင်အားစုကို မန်းကျားကြီးက ဦးဆောင်ပြီးဗြိတိသျှတို့ ကို ဆက်လက်ခုခံတိုက်ခိုက်ရင်း ထောင်သောင်ကြီးတွင် မန်းကျားကြီး ကျဆုံးပြန်တယ်။ မန်းကျားကြီး ကျဆုံးတဲ့အတွက် ကရင်၊ဗမာ အင်အားစုတွေဟာ ခိုရာကျေးရွာတွေမှာ ၀င်ပြီး ကိုယ်ရောင်ဖျောက်လိုက်ကြတယ်။ ဧရာဝတီမြစ်ဝကျွန်းပေါ်မှာ ဗြိတိသျှဆန့် ကျင်ရေးတိုက်ပွဲတွေ ပျောက်ကျားတိုက်ခိုက်ကြတယ်။
သမိုင်းသစ်ဂျာနယ်မှ ကောက်နှုတ်ဖေါ်ပြထားသည်။
ဆက်လက်ဖေါ်ပြပါမည်။
ဖါးစည်သံ
နအဖစစ်အစိုးရ ကျပ် (၅,၀၀၀) တန် အသစ်ထုတ်မည်
မင်းနိုင်သူ / ၂၅ စက်တင်ဘာ ၂၀၀၉
n
မြန်မာနိုင်ငံအတွင်း လာမည့်အောက်တိုဘာ (၁) ရက်မှ စတင်ကာ (၅,၀၀၀) ကျပ်တန် ငွေစက္ကူအသစ် စတင်ထုတ်ဝေ သုံးစွဲတော့မည်ဖြစ်ကြောင်း စစ်အစိုးရပိုင် ရုပ်မြင်သံကြား သတင်းဌာနများက ယမန်နေ့ညပိုင်းက ကြေညာလိုက်သည်။ Continue reading
ကရင့်အာဇာနည်များသို့ ဦးခိုက်တောင်းလျှောက်ခြင်း
စက်တင်ဘာ ၂၂ ရက် ၂၀၀၉
    iuy  ညမှာထိန်လင်း ငွေလမင်းကို 
လွမ်းစိတ်ဖန်ညောင် ဆွေးစိတ်ဆောင်တဲ့  
သူ့ ဘ၀မျိုး ငါမလို …။
နေ့ မှာထိန်လင်း နေမြင်းကြီးလို
ပူးပြင်းတောက်လောင် ဒေါသဆောင်တဲ့          
သူ့ ဘ၀မျိုး ငါမလို …။ 
ရော်ရွက်ဝါလို လေကျတော့သေ
လေသွေးတော့မြူး  လေရူးတော့က
သူ့ ဘ၀မျိုးလဲ ငါမလို …။
အာဇာနည်လို ကိုယ်ကျိုးစွန့် လွှတ်  
အမျိုးသားအတွက်    ယုံကြည်ချက်ကို  
စွဲမြဲဆုပ်ကိုင်    တော်လှန်ရေးတရား
သွေးခင်းလမ်းမှ ခန္ဓာလဲကြေ
မြေမှာခလဲ   အရိုးထတွန်     
တိုက်ပွဲဝင်သည့်
သူ့ စိတ်ဓာတ်မျိုး ရယူလိုပါသည်။
အိုးအာဇာနည် …။
 သင့်စိတ်ဓာတ်မျိုး ငါ့အား ပေးပါလေ …။
ရဲဘော် ကလိုကဆောရိုမဲ
                 တောင်ငူခရိုင်           
(၅၉)နှစ်ပြည့် ကရင့်အာဇာနည်နေ့ သို့ 
                 ဦးညွတ်ဂုဏ်ပြုလျက် …။  
သြဂုတ်လ ၂၀၀၉ ခုနှစ် ထုတ်ဝေသော သနုထူဂျာနယ်မှ ကောက်နှုတ်ဖေါ်ပြသည်။   “
ဖါးစည်သံ 
မယ်လဒုက္ခသည်စခန်းရှိလူသစ်အတွက် စားနပ်ရိက္ခာနှင့် အသိအမှတ်ပြုလက်မှတ် ထုတ်ပေးမည့်အစီအစဉ်ရွှေ့ဆိုင်း
စက်တင်ဘာ ၂၁ ရက် ၂၀၀၉
 Untitled-1
ယခုလ(၂၈)နေ့တွင်မယ်လဒုက္ခသည်စခန်းရှိလူသစ်(၁)သောင်းခန့်ကိုစားနပ်ရိက္ခာနှင့် အသိအမှတ်ပြုလက်မှတ် ထုတ်ပေးမည့်အစီအစဉ်ကို ရွှေ့ဆိုင်းလိုက် သည်ဟုစခန်း ဒုဥက္ကဌကပြောသည်။
 စခန်းဒုဥက္ကဌစောထွန်းထွန်းက”၂၀၀၈၂၀၀၉မှာရောက်ရှိလာတဲ့လူသစ်(၁)သောင်းကို ရိက္ခာလက်မှတ်ထုတ်ပေးဘို့ကိစ္စကို”တီဘီဘီစီ”အဖွဲ့ကရက်ရွှေ့လိုက်တယ်ဘယ် လောက်ကြာမှာလည်း တော့မသိသေး ဘူး”ဟုဖားစည်သံသို့ပြောသည်။
 အဆိုပါလူသစ်များထဲတွင် မိမိအစီအစဉ်ဖြင့် စားနိုင်သောက်နိုင်သူများပါရှိပြီး အချို့မှာ ကိုယ်ပိုင်မော် တော်ဆိုင်ကယ်များနှင့် စခန်းအတွင်း ဈေးဆိုင်ဖွင့်ထားသူများပါရှိပြီး စစ်ဆေးမှုပြုလုပ်ပြီးလျှင်လူ(၆)ထောင်ခန့်ရိက္ခာနှင့် အသိအမှတ်ပြုလက်မှတ် ရရှိနိုင်မည် ဟုလည်းပြောသည်။
 လက်ရှိမယ်လဒုက္ခသည်စခန်းတွင် ဒုက္ခသည်(၅)သောင်းခန့် နေထိုင်လျှက်ရှိရာ ဒုက္ခ သည်အဖြစ် တရားဝင်အသိအမှတ်ပြုခံရသူ(၃)သောင်းရှိပြီး ရိက္ခာလက်မှတ်ရရှိ သူ(၁) သောင်းနှင့် ရိက္ခာလက် မှတ်မရရှိသေး သူ(၁) တို့ဖြစ်သည်။
 မယ်လ၊အုန်းဖျန်၊နို့ဖိုး၊စသည့်ဒုက္ခသည်စခန်းများထဲတွင် ဒုက္ခသည်များလျှော့နဲသွားခြင်း မရှိဘဲ အဆမတန် များပြားလာရခြင်းမှာဒုက္ခသည်စခန်းများမှတဆင့် တတိယနိုင်ငံ ထွက်ခွာခွင့်ရရှိ သောကြောင့် ဖြစ်ပြီး အကျိုးဆက်အဖြစ် စခန်းအတွင်းအဂတိလိုက်စားမှု များနှင့်ရှုတ်ထွေးမှုများ စွာမကြာခဏဖြစ် ပွားလျှက်ရှိ သည်ဟုမယ်လစခန်းမှဘာသာရေး ဆရာတဦးကဖားစည်သံသို့ ပြောသည်။
 တတိယနိုင်ငံထွက်ခွာခွင့်ရရှိရန်အတွက် ဒုက္ခသည်စခန်းများတွင် တရားမ၀င်လာရောက် နေထိုင်ကြသူများကို သက်ဆိုင်ရာခရိုင်အာဏာပိုင်များနှင့်စစ်တပ်က ၀င်ရောက်စစ် ဆေးမှုများရှိသော်လည်း အဖမ်းခံရပြီးနောက်ရက်များတွင် ပြန်လည်ဝင်ရောက်လာကြ သဖြင့် အဓိကတာဝန်ရှိသူမှာ စခန်းအုပ်ချုပ်ရေးသာဖြစ်သည်ဟုလည်း ဆက်လက်ပြော ကြားသည်။
 ထိုင်းမြန်မာနယ်စပ်ရှိ ဒုက္ခသည်များအတွက် စားနပ်ရိက္ခာများကို ထိုင်းမြန်မာနယ်စပ် တလျှောက် ကူညီစောင့်ရှောက်ရေးညွန့်ပေါင်းအသင်း(တီဘီဘီစီ)က ကူညီထောက်ပံ့ ပေးပြီး လူဦးရေစိစစ်မှုကိုပါ ပူးတွဲ လုပ် ဆောင်သည်။
 ယခုလကုန်ပိုင်းတွင် (တီဘီဘီစီ)က လူသစ်များအတွက် ရိက္ခာနှင့်အသိအမှတ်ပြုလက် မှတ်ထုတ် ပေးရန် စိစစ်မှုကို အုန်းဖျန်နှင့်နို့ဖိုးစခန်းများတွင်ပြုလုပ်ပေးမည်ဖြစ်ပြီး မယ်လ စခန်းကိုမူရွှေ့ဆိုင်း ထားသည်ဟု ၎င်း အဖွဲ့၏ ၀န်ထမ်းတဦးကပြောသည်။
 ထိုင်းမြန်မာနယ်စပ်တလျှောက်တွင်မြန်မာဒုက္ခသည်စခန်း(၉)ခုရှိပြီးမြန်မာဒုက္ခသည်
(၁၄၀၀၀၀)ခန့်နေထိုင်လျှက်ရှိသည်(တီဘီဘီစီ)အဖွဲ့၏စစ်တမ်းတွင်ဖေါ်ပြထားသည်။
  ဖားစည်သံ