Posted on October 14, 2009 by sawmanthein
ကရင်ပြည်နယ် ဖာပွန်ခရိုင်ရှိ ကျေးရွာ ၆ ရွာမှ ကရင်ရွာသား ၂၀၀၀ ခန့်ကို တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်ဖွဲ့ (DKBA) တပ်များက ၎င်းတို့ ထိန်းချုပ်ထားသော ဒေသအတွင်းသို့ အတင်းအဓမ္မ ပြောင်းရွှေ့ နေရာချထားကြောင်း သိရသည်။

ထိုသို့ ပြောင်းရွှေ့ခံရသော ရွာသားများသည် ဖာပွန်ခရိုင်အတွင်းရှိ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မ တော်(KNLA) တပ်မဟာ ၅ ထိန်း ချုပ်ဒေသတွင်း Read more »
Filed under: သတင်း | Leave a Comment »
Posted on October 7, 2009 by sawmanthein
Microsoft Hotmail ကို အသုံးပြုသူ စာဖတ်ပုရိတ်သတ်အပေါင်းတို့ ။။။။ကိုယ့်ရဲ့အီးမေး Password ကိုအမြန်ဆုံးပြောင်းလိုက်ကြပါ။ မသာမာ သူတွေ လက်ချက်နဲ့  ကမောက်ကမ တွေ ဖြစ်ကုန်မယ်။
Microsoft ၏ Hotmail စံနစ်ကို အသုံးပြု နေသူ (၂၁)သန်း ကျော်အား ၎င်းတို့၏ Password များကို အမြန်ဆုံး ပြောင်းလဲရန် ဗြိတိန် ရဲတပ်ဖွဲ့ က တိုက်တွန်း လိုက်သည်။
Microsoft ၏ နာမည်ကျော် Mail စံနစ်တွင် လုံခြုံရေး ယိုပေါက် တခုကို ရှာဖွေ တွေ့ရှိပြီးနောက် ယခုလို ဆော်ဩခဲ့ခြင်း ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် Hotmail အသုံးပြုသူ (၁၀၀၀၀) ကျော်၏ Password များကို Hacker များက ဖောက်ထွင်း ရယူသွားပြီး အောက်တိုဘာ (၁)ရက် နေ့က အဆိုပါ လူစာရင်းကို pastebin.com တွင် အမည်မသိသူ တဦးက ဖော်ပြ သွားခဲ့သည်။
ယခု အခြေအနေသည် ဆိုင်ဘာ လုံခြုံရေးအတွက် စိုးရိမ် ထိတ်လန့်စရာ ဖြစ်လာရပြီး အချက်အလက် ခိုးယူမှုများ ဖြစ်ပေါ်လာမည်ကို ရဲတပ်ဖွဲ့က စိုးရိမ်နေခဲ့သည်။ မက်ထရိုပိုလီတန် ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က လူတိုင်းအနေနှင့် စီးပွားရေး၊ အခြားကိုယ်ရေး အချက်အလက် များကို တတ်နိုင်သမျှ Hotmail တွင် လက်တလော အသုံးမပြုရန်နှင့် Password များကို ပြောင်းပစ်ရန် အကြံပေးလိုကြောင်း ပြောဆိုသွားခဲ့သည်။
ထို လုံခြုံရေး ဟာကွက်နှင့် ပတ်သက်ပြီး နည်းပညာ Blog ဖြစ်သည့် Neowin.net က ဖော်ထုတ် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ရဲတပ်ဖွဲ့သည် ယခုအခါ ဥရောပရှိ လူ(၁၀၀၀၀)ကျော် တို့၏ အချက်အလက်များ ခိုးယူ ခံထားရပြီး ဖြစ်နိုင်ကြောင်း ယူဆထားသည်။
Microsoft ကမူ ၎င်းတို့သည် Hotmail ၏ လိုအပ်ချက် မှန်သမျှကို သတိပြု ဖြေရှင်းပေးလျှက် ရှိကြောင်း မယုတ်မလွန် ပြောဆို သွားခဲ့သည်။
လူထုအသံအွန်လိုင်းဂျာနယ်မှကူးယူဖေါ်ပြသည်။
ဖါးစည်သံ
သောသီခိုသတင်းမျကိုးကားဖော်ပြသည်။
Filed under: သတင်း | Leave a Comment »
Posted on October 7, 2009 by sawmanthein
နန်းဒေဝီ
အင်္ဂါနေ့၊ အောက်တိုဘာလ 06 ရက် 2009 ခုနှစ် 21 နာရီ 54 မိနစ်
နယူးဒေလီ (မဇ္ဈိမ)။ ။ တိုင်းရင်းသား လူမျိုးများကောင်စီ ENC အထွေထွေ အတွင်းရေးမှူးက အမေရိကန် စီးနိတ်လွှတ်တော်အမတ် မစ္စတာ ဂျင်မ်ဝက်ဘ်ထံ ပေးပို့စာနှင့် ပတ်သက်၍ ENC ၏ ရပ်တည်ချက် မဟုတ်ကြောင်း ကောင်စီ ဥက္ကဋ္ဌ က ကြေညာချက်ထုတ်ကာ တုံ့ပြန်ပြောဆိုလိုက်သည်။
“အမေရိကန်အနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲကို ကြိုတင် ဆန့်ကျင်ခြင်း မပြုဘဲ၊ ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေး အဖွဲ့များနှင့် မဲထည့်မည့် ပြည်သူများအတွက် ပြုလုပ်မည့် ပညာပေး သင်တန်းများကို ကူညီပံ့ပိုးပေးရန်၊ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန် စောင့်ကြည့်ရေးအတွက် အဖွဲ့များ ဖွဲ့စည်းခြင်းတို့ကို ကူညီပံ့ပိုးရန်” ဟူ၍ ပြီးခဲ့သည့်လ ၂၈ ရက်နေ့တွင် ထိုင်းအခြေစိုက် ENC Read more »
Filed under: သတင်း | Leave a Comment »
Posted on October 7, 2009 by sawmanthein
မြန်မာနိုင်ငံက ကလေးသူငယ်တွေနဲ့ ဆိုင်တဲ့ ဥပဒေ ပြဋ္ဌာန်းချက်အပေါ်မှာ အာဏာပိုင်တွေက လိုက်နာကျင့်သုံးခြင်း မရှိတဲ့အတွက် အာရှလူ့အခွင့်အရေး ကော်မရှင်က ဝေဖန် ထောက်ပြလိုက်ပါတယ်။ အကြောင်းစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံမှာ ၁၉၉၃ ခုနှစ်ကတည်းက ကလေးသူငယ်များဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းထားတာ ဖြစ်ပါတယ်။ အဲဒီပြဋ္ဌာန်းချက်ထဲမှာ ပါတဲ့အတိုင်း ကလေးတွေအားလုံးဟာ ဒီခံစားခွင့်တွေကို ညီတူညီမျှ ခံစားခွင့်ပေးဖို့အတွက် ဟောင်ကောင်အခြေစိုက် AHRC အာရှ လူ့အခွင့်အရေး Read more »
Filed under: Uncategorized | Leave a Comment »
Posted on October 7, 2009 by sawmanthein
၁၉၉၄ ခုနှစ်မှာ ရ၀မ်ဒါက လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှုအတွက် တာဝန်ရှိတယ်လို့ ယူဆလို့ အလိုအရှိဆုံး ဖြစ်နေတဲ့ တရားခံတဦးကို ယူဂန်ဒါနိုင်ငံမှာ ဖမ်းဆီးမိသွားပါတယ်။
 |
| မစ္စတာ အိုင်ဒယ်လ်ဖွန့်စ် နီဇီယီမာနာ။ |
ကမ်ဘာလာမြို့တော် အပြင်ဘက်က ဟိုတယ်တခုမှာ အိုင်ဒယ်လ်ဖွန့်စ် နီဇီယီမာနာ (Idelphonse Nizeyimana) ကို တနင်္လာနေ့ကပဲ ဖမ်းဆီးမိခဲ့တယ်လို့ ယူဂန်ဒါရဲက ပြောပါတယ်။ သူ့ကို လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ်မှာ ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေနဲ့ တန်ဇန်းနီးယားနိုင်ငံမှာရှိတဲ့ ရ၀မ်ဒါနိုင်ငံအတွက် နိုင်ငံတကာ ရာဇ၀တ်မှု ခုံရုံးကို တင်မယ်လို့ ရဲအရာရှိတွေက ပြောပါတယ်။
စစ်တပ်အရာရှိတဦးလည်းဖြစ်၊ ထောက်လှမ်းရေး အရာရှိလည်း ဖြစ်ခဲ့တဲ့ မစ္စတာ နီဇီယီမာနာဟာ ရ၀မ်ဒါနိုင်ငံ ဘူတား (Butare) ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကို ကူညီစီစဉ်ပေးတယ်လို့ အစိုးရ ရှေ့နေတွေက စွပ်စွဲပါတယ်။
သဘောထားပျော့ပြောင်းတဲ့ တွတ်ဆီနဲ့ ဟူတူတိုင်းရင်းသားတွေကို သူ့လက်အောက်က စစ်သားတွေက သတ်ဖြတ်ခဲ့ကြတယ်လို့ ၂၀၀၀ ခုနှစ် စွဲဆိုချက်ထဲမှာ ပြောထားတာပါ။ သူဟာ ရ၀မ်ဒါရဲ့ ဟန်ပြဘုရင်မနဲ့ တွတ်ဆီပညာတတ်တွေကို သတ်ပစ်ဖို့အတွက် အထူးတပ်ဖွဲ့ကိုလည်း ဖွဲ့စည်းပေးခဲ့တယ်လို့ ဆိုထားပါတယ်။
ဒီလူကို ဖမ်းမိဖို့အတွက် သတင်းပေးသူကို အမေရိကန်ဒေါ်လာ ၅,၀၀၀,၀၀၀ ပေးမယ်လို့ အမေရိကန် အစိုးရက ဆုကြေးထုတ်ထားခဲ့ပါတယ်။
ဖါးစည်သံ
ဗွီအိုအေသတင်းမှကိုးကားဖော်ပြသည်။
Filed under: သတင်း | Leave a Comment »
Posted on October 7, 2009 by sawmanthein
အောင်ထက် / ၆ အောက်တိုဘာ ၂၀၀၉
နယ်စပ်၌ ဖောက်ခွဲရေးသင်တန်း တက်ရောက်ခဲ့သည်ဆိုသော စွပ်စွဲချက်ဖြင့် ပြည်ပနိုင်ငံများမှ ပြန်ကြွလာသော သံဃာတော် (၈) ပါးအား ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် စက်တင်ဘာ တတိယပတ်က ဖမ်းဆီးထိန်းသိမ်းလိုက်သည်။
အဆိုပါသံဃာတော်များကို တစုတဝေးတည်း ဖမ်းဆီးမိခြင်းမဟုတ်ဘဲ ခရီးစဉ်အသီးသီးမှအပြန် နအဖအာဏာပိုင်တို့က Read more »
Filed under: သတင်း | Leave a Comment »
Posted on October 5, 2009 by sawmanthein
NEJ / ၅ အောက်တိုဘာ ၂၀၀၉
မြန်မာနိုင်ငံတွင် တာဝန်အရှိဆုံး ဦးသန်းရွှေအား ဗုဒ္ဓဘာသာအဖြစ်မှ ထုတ်ပယ်ကာ သာသနာဖျက် မိစ္ဆာဒိဋ္ဌိအဖြစ် သတ်မှတ်လိုက်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက အောက်တိုဘာ (၅) ရက် ယနေ့ နေ့စွဲဖြင့် ကြေညာချက်တစောင် ထုတ်ပြန်လိုက်သည်။

ကြေညာချက်တွင် ယခုလ (၃) ရက်၊ သီတင်းကျွတ်လပြည့် ပ၀ါရဏာနေ့တွင် ပြည်တွင်းပြည်ပ သိမ်အသီးသီး၌ တတိယအကြိမ် ပတ္တနိက္ကုဇ္ဇနကမ္မ၀ါစာ ရွတ်ဆိုကာ အောင်မြင်စွာ Read more »
Filed under: သတင်း | Leave a Comment »
Posted on October 2, 2009 by sawmanthein
၂ ရက် အောက်တိုဘာ ၂၀၀၉
ရွှေ့ ပြောင်းမြန်မာအလုပ်သမားများ အလုပ်လုပ်နေကြသည့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ နှင့် နီးစပ်သည့် စမိုပါကာနယ် ဘန်ချလွန် (aersofp)ဖိနပ်ရုံကုမ္ပဏီ တွင် ဒီကနေ့  ညနေ ၇း၄၀ မိနစ်အချိန်တွင် မြန်မာအလုပ်သမား (၁၀၀)ကျော်ခန့် ဆန္ဒပြခဲ့သည်။
အလုပ်သမားများ ဆန္ဒပြရခြင်းအကြောင်းက အလုပ်ရုံကစာရေးမများအား အလုပ်သမားများရဲ့  လုပ်အားခကို ခေါင်းပုံဖြတ်သည့်အတွက် ဆန္ဒပြရသည်ဟု အလုပ်ရုံက အလုပ်လုပ်နေကြသည့် ကရင်လုပ်သမားတစ်ဦးက ပြောသည်။
အလုပ်သမားများ ဆန္ဒပြမကြာခင်မှာ ကင်းလှည့်ရဲကားတစီးဝင်ရောက်လာပြီး လူစုခွဲလိုက်သည်။ ည ၁၀း၀၀ နာရီအချိန်တွင် အခြေအနေပုံမှန်ရှိသွားပြီး မနက်ဖြန်မှာ အလုပ်သမားများ အလုပ်မဆင်းနိုင်ဟု ပြောခဲ့သည်။
စမိုပါကာနယ် ဘန်ချလွန် (aersofp)ဖိနပ်ရုံကုမ္ပဏီသည် အလုပ်လုပ်နေကြသည့် ထိုင်းနှင့်မြန်မာအလုပ်သမားများ စုစုပေါင်း အလုပ်သမား (၄၀၀၀)ခန့် ရှိပြီး၊ ရွှေ့  ပြောင်းမြန်မာအလုပ်သမားများ (၂၀၀၀)ခန့် အလုပ်လုပ်နေလျက်ရှိသည်ဟု သိရသည်။
ဖါးစည်သံ
Filed under: သတင်း | Leave a Comment »
Posted on October 2, 2009 by sawmanthein
မကြာသေးခင်ရက်ပိုင်းတွင် နအဖတပ်နှင့် ဒီကေဘီအေ ပူးပေါင်းတို့ ၏ ညွန်ကြားမှု အစီအစဉ်ဖြင့် ထိုင်းနိုင်ငံ မဲဆောက်မြို့  နှင့် ၄င်းပန်းဝန်းကျင်ဒေသအတွင်းသို့  ကြေးစားလူသတ်သမား (၁၅)ဦး စေလွတ်ထားသည် ဟုသိရပါသည်။ ရည်ရွယ် ချက်ပစ်မှတ်တွေက KNU ထိပ်ပိုင်းခေါင်းဆောင်များကို ရှာဖွေရန် ရှင်းလင်းပစ်ရန် နှင့် FTUB ခေါင်းဆောင်အချို့ လည်း ပစ်မှတ်တွင် ပါဝင်သည်ဟုသတင်းရရှိပါသည်။
ဒီသတင်းရရှိပြီး ပို့ စ်တင်သင့်မတင်သင့် စဉ်းစားနေချိန်တွင် မြိုင်ကြီးငူဆရာတော် ထုတ်ပြန်တဲ့ စာလည်း တဆက်တည်း ထွက်ရှိလာပါသည်။ ဒီဆက်စပ်မှုကို ကြည့်ခြင်းဖြင့် မရိုးသားမှုတွေ ဆက်စပ်တွေ့ ရှိနေရပါသည်။ မည်သို့  ပင်ဖြစ်စေကာမူ KNU အထွေထွေ အတွင်းရေးမှူး ချူပ်ဟောင်း ပဒိုမန်းရှာလန်းဖန်း လုပ်ကြံခံရမှု ပုံရိပ်များသည် အများပြည်သူ မြင်ကွင်း တွင် ထင်ထင်ရှားရှား ရှိနေဆဲဖြစ်သည်။ သက်ဆိုင်သူများအားလုံးကို သတိဖြင့် နေစေချင်ပါသည်။ ဒီ့ပြင် အမှန်တရားကို ချစ်များနိုးတဲ့ တိုင်းရင်းသားညီကိုယ်အားလုံး အထူးသဖြင့် ထိုင်း-မြန်မာ နယ်စပ်တွင် နေထိုင်သူအားလုံး သတိဖြင့် နေကြ၍ မသင်္ကာသူ များတွေ့ ရင်သက်ဆိုင်သူ များသို့  အချိန်မှီ သတင်းပို့ ဖြန့် ချီပါရန် တိုက်တွန်းလိုပါသည်။
သောသီခိုဘလောဂ်မှ ကိုးကားဖေါ်ပြသည်။
ဖါးစည်သံ
Filed under: သတင်း | Leave a Comment »
Posted on September 30, 2009 by sawmanthein

ဒီသတင်းကို အတည်ပြုရန် မဖြစ်နိုင်သေးပါ။ အဘယ်ကြောင်းနည်း ? ထုတ်ဝေသည့်ရက်စွဲနှင့် ဆရာတော်လက်မှတ် မပါဟုဆိုထားပါသည်။ အကယ်၍ မြိုင်ကြီးငူ ဆရာတော် တကယ်ထုတ်ပြန်သည့်စာဖြစ်သည့်တိုင် စာထုတ်ဝေပြီး တပ်မဟာ (၆) (၇) (၅) (၃) ဒေသတွင် ဒီကေဘီအေ တပ်တို့ နအဖ ခိုင်းသမျှ ယနေ့ အထိသောင်းကျန်းနေဒါတွေဟာ ယုတ္တိမရှိတဲ့အရာတွေပါ။ တကယ်ပြန်လည်သင့်မြတ်ရေးလမ်းကို ရွေးချယ်မယ်ဆိုရင် (၁)နအဖ ရဲ့ လက်ကိုင်တုတ် ခိုင်းစရာသတ္တ၀ါ တွေအဖြစ်မှ ပထမဦးဆုံး ရုန်းထွက်ပါ။ (၂) တပ်မဟာ (၇)(၆)(၅)(၃) ဒေသတွင် နအဖ နှင့်တွဲဖက် ပါဝင်နေသောဒီကေဘီအေ တပ်တွေ အားလုံးပြန်ဆုတ်ပြီး ကိုယ့်ဟာကိုယ်အေးအေးဆေးဆေး နေကြပါ။ (၃) နအဖ တပ်များ ကေအဲန်ယူ ကို ထိုးစစ်ဆင်ရာ၌ ဒီကေဘီအေတို့  ထိန်းချူပ်ရာနယ်မြေတွေ၌ ရွာသားတွေကို အကာအကွယ်ပေးပါ။
အထက်ပါ အချက်တွေဟာ လက်တွေ့ ဆန်သည့် ပထမဦးဆုံး စတင်လုပ်ဆောင်ရမည့် အရာများဖြစ်သည်။ အကယ်၍ ဒါတွေကို လက်တွေ့ မပြနိုင်ရင် ဒီစာသည် တမင်ရည်ရွယ်ချက်ရှိရှိ ထုတ်ပြန်သည့်စာဖြစ်၍ ရှေးတလှမ်းတိုးဖို့ အတွက် နောက်တလှမ်းကို ဆုတ်ပြီး ဒီကေဘီအေ တို့  ခေတ္တာ ခွန်အားပြန်လည်စုဆောင်းခြင်းသာ ဖြစ်သည်။ ဘယ်သူက စတိုက်သနည်း ? ဘယ်သူက ကရင့်အမျိုးသားရေးကို သွေဖယ်ပြီး ကိုယ်ကျိုးအတွက် မိုက်မဲစွာ စစ်ခင်းကြသနည်းဆိုဒါ အများပြည်သူ အားလုံးသိပြီး ဖြစ်ပါသည်။
သေချာဒါက ဒီကေဘီအေ ထိပ်ပိုင်းခေါင်းဆောင် တချို့ ဟာ ကရင်တွေ မဟုတ်ကြတော့ပါ။ ကရင်သွေး ကရင်စိတ် မရှိတော့တဲ့သူ တွေကို အခွင့်အရေး ဆက်ပေးနေခြင်းသည် မီးမြိုက်ထားသော အဆိပ်ပင်ကို ပြန်ပြီး နေရာရွေ့  စိုက်ပြီး အသက်ဆက်ရန် အတွက် ရေလောင်းပေးနေသလို ဖြစ်မည်ဆိုဒါ အားလုံးကို အသိပေးလိုပါသည်။ ဗမာလူမျိုးတိုင်း အကုန် မဆိုးဘူး…..ကရင်လူမျိုးတိုင်း..အကုန် မကောင်းဘူး.. မကောင်းသူကိုဖယ်…ကောင်းသူများနှင့် လက်တွဲ ကြရပါမည်။။။။။ အဓိက တရားခံသည် နအဖ စစ်အာဏာရှင် လူတစုနှင့် ကရင်အမျိုးသားသစ္စာဖေါက် ကိုယ်ကျိုးကြည့် အချောင်သမား တစ်စုသာဖြစ်သည်
စက်တင်ဘာလ ၃၀ရက်။ ကေအိုင်စီ
ကေအဲန်ယူနှင့် ဒီကေဘီအေ နှစ်ဖက်လက်နက်ကိုင် သားတပည့်များ မိမိတို့ ကရင်အချင်းချင်း တိုက်ခိုက်သတ်ဖြတ်နေကြသည်ကို ရပ်ဆိုင်း၍ လာမည့် နှစ်သစ်ကူးနေ့ မတိုင်မီ အပစ်အခတ်ရပ်စဲကြရန် မြိုင်ကြီးငူအထူးဒေသမှ ဆရာတော်ဘဒ္ဒန္တ သုဇနက ယမန်နေ့က စာထုတ်ဝေလိုက်သည်။
ဆရာတော်၏ ပြုံးရယ်နေသော ဓာတ်ပုံနှင့် ‘မြိုင်ကြီးငူအထူးဒေသ’ စာလုံးနောက်ခံများဖြင့် ရေးသားထားသည့် ဆရာတော်စာ ၏ အစတွင် “မမျှော်လင့်ဘဲ ဒီကေဘီအေ အဖွဲ့အစည်းတရပ် ဗြုန်းစားကြီး ပေါ်ပေါက်လာကာ ကေအဲန်ယူနှင့် ဒီကေဘီအေ ဟူ၍ ကရင်အမျိုးသားလက်နက်ကိုင်နှစ်ဖွဲ့ ဖြစ်လာရခြင်းမှာ သမိုင်း၏ တောင်းဆိုချက်အရ ဖန်တီးဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း” ထည့်သွင်းရေးသားထားသည်။
ထုတ်ဝေသည့်ရက်စွဲနှင့် ဆရာတော်၏ လက်မှတ် ရေးထိုးထားခြင်းမရှိသည့် အဆိုပါစာ၏ အဆုံးပိုဒ်တွင် “နှစ်ဖက်သော လက် နက်ကိုင်အဖွဲ့သားများသည် အတိတ်မှ ဆိုးကျိုးများကို သင်ခန်းစာယူလျှက် အချင်းချင်း အပြန်အလှန် သင်ပုန်းချေပြီး နား လည်ခွင့်လွှတ်ကြကာ မတူညီသည့် အတွေးအခေါ်များကို တူညီမှုရသည်အထိ တွေ့ဆုံညှိနှိုင်းဆောင်ရွက်ကြစေလိုသည်”ဟူ၍ ပါရှိသည်။
ထိုကိစ္စနှင့်ပတ်သက်၍ ကေအဲန်ယူ တပ်မဟာ(၇)မှူး ဗိုလ်မှူးချုပ်စောဂျော်နီက “ကျနော်တို့က သင်ပုန်းချေခဲ့နေတာ ကြာပါပြီ။ အပစ်ခတ်ရပ်ဖို့ဆိုရအောင် ဒီကေဘီအေက နအဖနဲ့ပေါင်းပြီး ကျနော်တို့ကို အာရ်ပီဂျီဗုံးသီးတွေနဲ့ လာပစ်သွားတာကိုတောင် ရှောင်ခွာပေးခဲ့တာ ကျနော်တို့ ငြိမ်းချမ်းရေးကို လိုလား၊ မလိုလား သိနိုင်ပါတယ်။ လွန်ခဲ့တဲ့နှစ်တွေကလည်း ဒီလိုပဲ စာရေးလာ ပြီး ဆရာတော်ရဲ့ အရိပ်အောက်မှာ ပြန်လာနေခိုင်းတယ်။ ဒီကေဘီအေဟာ သက်တမ်း ၁၅နှစ်ရှိပြီ။ နအဖခိုင်းတာ လုပ်ပြီး ကိုယ့်ကရင်လူထုကိုတောင် ဘာမှမကာကွယ်ပေးနိုင်ရင် ကျနော်တို့ပြန်သွားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စာနဲ့ပဲရေးနေပြီး အ ကောင်အထည်မဖော်နိုင်တော့ ဘာအဓိပ္ပါယ်ရှိမှာလဲ”ဟု ကေအိုင်စီကို ပြောသည်။
ပြီးခဲ့သည့် ဇွန်လက နအဖတပ်များ၏ နောက်ခံပေးမှုနှင့် ဒီကေဘီအေက ကေအဲန်ယူက တပ်မဟာ(၇)ကို ထိုးစစ်ဆင်ရာ တပ် မဟာဌာနချုပ်နှင့် တပ်ရင်းနေရာများကို ကေအဲန်ယူမှ စွန့်ခွာပေးခဲ့ရသည်။ ၎င်းအပြင် ဒီကေဘီအေတပ်ဖွဲ့ဝင်များသည် နအဖ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းကာ ကေအဲန်ယူ တပ်မဟာ(၆)နှင့် တပ်မဟာ(၅)ကို ဆက်လက်၍ ထိုးစစ်ဆင်လှုပ်ရှားလျှက်ရှိသည်။
ဒီကေဘီအေတပ်ဖွဲ့သည် မြိုင်ကြီးငူဆရာတော်၏ ဦးဆောင်မှုအောက်တွင်သာ ယခုအချိန်ထိ ရပ်တည်လျှက်ရှိသည့်အတွက် ဆရာတော်သည်သာ အခရာအကျဆုံး ပုဂိုလ်ဖြစ်ပြီး ဒီကေဘီအေ ထိပ်ပိုင်းခေါင်းဆောင်များကို အမိန့်ပေး ညွှန်ကြားနိုင်သူဖြစ် သည်ဟုလည်း ဗိုလ်မှူးချုပ်စောဂျော်နီက ထောက်ပြပြောဆိုခဲ့သည်။
လွန်ခဲ့သည့် သြဂုတ်လပိုင်းက ဒီကေဘီအေ (၉၉၉)တပ်မဟာမှ ဗျူဟာမှူး ဗိုလ်မှူးကြီးစောချစ်သူက ဒီကေဘီအေအနေဖြင့် ငြိမ်းချမ်းရေးကို လိုလားပြီး အမျိုးဘာသာ၊ သာသနာထွန်းကားရေးအတွက် မြိုင်ကြီးငူဆရာတော်ဘုရားကြီး၏ လမ်းညွန်မှုဖြင့် လုပ်ဆောင်နေကြောင်းနှင့် နယ်စပ်သို့ထွက်ပြေးနေရသည့် ကရင်ရွာသူရွာသား ဒုက္ခသည်များ ၎င်းတို့ရပ်ရွာသို့ ပြန်မလာနိုင် အောင် ကေအဲန်ယူမှ မိုင်းထောင်ထားကြောင်း စွပ်စွဲကာ ထုတ်ပြန်ချက်တစောင် ရေးသားခဲ့သေးသည်။
မြိုင်ကြီးငူဆရာတော်၏ ထုတ်ပြန်စာအပေါ် ဒီကေဘီအေ အရာရှိများ၏ အမြင်သဘောထား သိရှိနိုင်ရန် ကေအိုင်စီမှ ဆက် သွယ်မေးမြန်းသော်လည်း အဆက်အသွယ်မရခဲ့ပေ။
တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ)သည် ၁၉၉၄ခုနှစ်တွင် ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)မှ ခွဲထွက်ကာ မြန်မာစစ်အစိုးရနှင့် ပြန်လည်ပူးပေါင်းခဲ့ပြီး ထိုနှစ် ဒီဇင်ဘာလ ၂၁ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ သည့် ကရင်လက်နက်ကိုင်အဖွဲ့တခု ဖြစ်သည်
ဖါးစည်သံ
အဲခေါင်သောင့်နှင့်သောသီခိုဘလောဂ်သတင်းမှ ကိုးကားဖေါ်ပြသည်။
Filed under: သတင်း | Leave a Comment »