ကရင်ပြည်နယ်၏သဘာဝအလှ
ဗုဒ္ဓဘာသာ ထေရ်ရာဝါဒ ရောက်ရှိထွန်းကားခဲ့ခြင်းကြောင့်လည်း ရှေးသမိုင်းဝင်စေတီတော် များ၊ ဓာတ်တော်ဆံတော် ကိန်းဝပ်နေသောစေတီ ပုထိုးများတည်ရှိခဲ့လေသည်။ နှောင်းလူအဆက် ဆက်တို့ ကိုးကွယ်ကြည်ညိုနိုင်စေရန် ရှေးလူတို့ ကစနစ်တကျထားရှိတည်ဆောက်ခဲ့လေသည်။ ရှေးက ပင်လယ်ရေပြင်လွှမ်းခဲ့သော ဤဒေသသည် တောင်တန်း ၊တောင်စွယ်တို့ တွင်သဘာဝကျောက်လိုဏ် ဂူများ အမြောက်အမြားတည်ရှိလေသည်။ ထိုသဘာဝလိုဏ်ဂူနှင့်အတူ ထူးဆန်းသော ရေပူရေအေး ကန်များ ကျောက်စက်ရေတံခွန်များ တည်ရှိလေသည်။ ထိုကျောက်လိုဏ်ဂူတို့ သည် သူ့ သမိုင်းနှင့်သူ ဖြစ်တည်ရှိခဲ့လေသည်။ သမိုင်းဖြစ်ရပ်တို့ နှင့်အတူ ဒဏ္ဍာရီဆန်ဆန်ပုံပြင်များလည်း ပြောစမှတ်ရှိခဲ့လေ သည်။ ပြည်နယ်အတွင် သံလွင်မြစ်၊ ဂျိုင်းမြစ်၊ အတ္တရံမြစ် စီးဆင်းလျက်ရှိသည်။ မြစ်အတွင်း ဖြစ်ပေါ် နေသော ကျောက်ဆောင်ကျောက်ကမ်းပါးများ၊ ရေလယ်တွင် တည်နေသောတောင်များရှိ၍ ထိုတောင် ကျောက်ကမ်းပါး၊ ရေလည်တွင် တည်ရှိသောတောင်တို့ သည်လည်း သူ့ သမိုင်းနှင့်သူရှိလေသည်။ ဤကပင်ကရင်ပြည်နယ်အလှအဖြစ် တည်နေလေသည်။ ကရင်ပြည်နယ်၏ အဓိကစီးပွားရေးသည် ဆန်စပါးစိုက်ပျိုးရေးလုပ်ငန်းဖြစ်သည်။ ကျွန်းသစ်များလည်းမြို့ နယ်တိုင်းတွင် ထွက်ရှိလုပ်ကိုင်သည်။ မြေအောက်သယံဇာတသတ္တုများထွက်ရှိသော်လည်း ကြီးမားစွာထုတ်လုပ်ခြင်းမပြုနိုင်သေးချေ။ ဘားအံ မြို့ နယ်မြိုင်ကလေး လှာကာရွာတွင် ဘိလပ်မြေစက် တည်ဆောက်ဆဲရှိသည်။ ယခုအခါ ကရင်ပြည် နယ်တွင် လွှတ်တော်ကိုယ်စားလှယ် ၁၄ ဦး၊ပြည် နယ်ပြည်သူ့ ကောင်စီဝင် ၅၅ဦး၊မြို့ နယ် ပြည်သူ့  ကောင်စီဝင် ၅၅၁ ဦးနှင့် ရပ်ကွက်ကျေးရွာပြည်သူ့ ကောင်စီဝင် ၄၂၀၉ ဦးရှိသည်။ ကရင်ပြည် နယ်အလှအဖြစ် တည်နေသော ရှေးဖြစ်ဟောင်းသမိုင်းဖြစ်ရပ်များ ထင်ရှားသော စေတီပုထိုးနှင့်လိုဏ်ဂူ များ အများအပြားရှိသည်။
 ဒေါနတောင်ခြေရပ်မှ မြို့ ကော့ကရိတ်
ကရင်တို့ အခေါ်(ကော့ကိုက်)(လက်ပန်ကုန်း)မွန်တို့ အခေါ်(ကော့ကရု)(ကော့ကရုတ်)ရှမ်းတို့  အခေါ်( ကွတ်ကိ) ကော့ကရိတ်မြို့ သည် ကရင်ပြည်နယ် ဒေါနတောင်ခြေရိပ်တွင် တည်ရှိလေသည်။ ကော့ကရိတ်မြို့ အား ပအို့ ဝ်အမျိုးသားတို့ က စတင်ထူထောင် သောရွာကြီးတရွာဖြစ်သည်။ မျက် မှောက်တွင် ကရင်၊ မွန်၊ ပအိုဝ်၊ ရှမ်း၊ မြန်မာ တို့ နေထိုင်ကြသည်။ ၁၉၈၀ ပြည့်နှစ်စာရင်းအရလူဦးရေ ၁၆၆၆၅၇ ဦး ရှိလေသည်။ ရှေးအခါကလက်ပံကုန်၊ လက်ပံပင်များ အများဆုံးပေါက် သောနေရာကို ကရင်တို့ က(ကော့ကိုက်)ဟူ၍ေ ခ်ါကြသည်။ ကရင်တို့ အခေါ်အဝေါ်နှင့် အတူမွန်တို့ ကလည်း (ကော့ကရု၊ကော့ကရုတ်)ခေါ်၍ လက်ပံတော၊ လက်ပံတော၊ လက်ပံကုန်းဟူ၍ပင် အဓိပ္ပာယ်ရသည်။ မျက်မှောက်တွင်ကရင်တို့ က(ကိုတရိုက်)ဟူ၍ခေါ်လေသည်။ ကရင်စကား(ကို)=တော၊ (တရိုက်)= ပတ်လည်ဝန်းရံခြင်း၊ တောပတ်လည်ဝန်းရံသော ကုန်းဟူ၍အဓိပ္ပာယ်ရသည်။ ရှမ်းတို့ ဘာသာစကား ဖြင့် ကော့ကရိတ်ကို(ကွတ်ကိ)ဟူ၍ခေါ်ကြသည်။ ကွက်ကိ=လမ်းဆုံဟူ၍ အဓိပ္ပာယ်ရ၏ ရှေးအခါ (ယွန်း)တို့ သည် ကုန်စည်ကူးသန်းရောင်းဝယ်ရာ၌(ကွတ် ကိ)လမ်းဆုံတွင်စခန်းချခဲ့သည်။ မျက် မှောက်၌ရှမ်း(ယွန်း)တို့ စခန်းချခဲ့သောနေရာကိုရှမ်းကြီးကုန်းဟူ၍ ယနေ့ တိုင်ခေါ်ဝေါ်ကြသည်။ ဒေါနတောင်ခြေ၏အနောက်ဘက်တွင်တည်ရှိနေသောကော့ကရိတ်မြို့  သည်ဂျိုင်းမြစ်၊ဟောင်သရော မြစ်နှစ်သွယ်ကရစ်ခွေစီးဆင်းလျက်ရှိသည်။မော်လမြိုင်မှရေလမ်းဖြင့်ကျုံ ဒိုရွာသို့ ရောက်ရှိပြီးထိုမှ ၁၅ မိုင် ဝေးသောကားလမ်းဖြင့် သွားရောက်နိုင်သည်။ဒေါနတောင်ကိုဖြတ်ေ ကျာ်၍မိုင် ၄၀ ဝေးသော မြ၀တီမြို့ သို့ ကားလမ်းဖြင့်သွားရောက်နိုင်သည်။မုဒုံမြ၀တီကားလမ်းဖြင့်ချောင်းနှစ်ခွကိုဖြတ်ကျော်၍ ကြာအင်းဆိပ်ကြီးမြို့ ကိုလည်းသွားရောက်နိုင်သည်။ဘားအံဂျိုင်းကားလမ်းဖြင့်ဂျိုင်းမြစ် ကိုဖြတ် ကူးပြီးသွားရောက်နိုင်သည်။ကျုံဒိုမှကျိုက်ဒုံအထိဟောင်သရောမြစ်ကိုလှေငယ်တို့ ဖြင့်သွားလာဆက် သွယ်နိုင်သည်။ကော့ကရိတ်မြို့ သည်မြ၀တီ၊ကြာအင်းဆိပ်ကြီး၊ဘားအံမြို့ နယ်များနှင့်ကောင်းစွာ သွားဆက်သွယ်ကူးသန်းနိုင်လေသည်။
သမိုင်းဖြစ်စဉ်
ရှေးအခါက ပဒေသရာဇ် သက်ဦးဆံပိုင်ခေတ်တွင် ကော့ကရိတ်ဒေသသည် သထုံဘုရင်များ လက်အောက်ခံဖြစ်သည်။ ယွန်းရှမ်း၊ယိုဒယားတို့ အားမြန်မာဘုရင်များ စစ်ချီရာတွင် လမ်းကြောင်း ကျရောက်သောဒေ သဖြစ်သည်။သထုံဘုရင်တိဿသက္ကမင်းကြီး လက်ထက်တွင် ကိုယ်တော်တိုင် ယွန်း(ကျွန်း)သူပုန်တို့  အားတိုက်ခိုက်နှိမ်းနင်းရာမှ ဒိုးဟနတောင်တန်း(ခေါ်)ဒေါနတောင်တန်းသို့  သူရောက်ရှိသွားလေသည်။ ထိုနေရာတွင် ခံတပ်မြို့ တည်၍ကရင်မြို့ စား စောဖျညားအိန္ဒခန့် အပ်၍ ဇေယျမြို့ (ယခုမြို့ ဟောင်း)ရွာကို ထူထောင်လေသည်။ နောင်သောအခါတွင် ရှမ်းယွန်းတို့ ကတိုက် ခိုက်ပြန်သဖြင့် မြို့ ပျက်ပြီးမင်းဆက်ပြတ်ခဲ့သည်။ ထိုမှမုတ္တမမြို့  ၃၂ မြို့ ထူထောင်ရာတွင် ဟောင်သ ရောမြို့ အဖြစ် တည်ရှိလာလေသည်။ ခရစ်နှစ် ၁၈၂၄ ခုနှစ်၊မတ်လ ၅ ရက်နေ့ တွင်ဖြစ်ပွားသော အင်္ဂလိပ်မြန်မာပထမစစ်ပွဲသည် ခရစ်နှစ် ၁၈၂၆ ခု၊ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့ တွင်ပြီးဆုံး၍ရန္တပို စာချုပ်အရ ရခိုင်ကမ်းရိုးတန်းနှင့် တနင်္သရီကမ်းရိုးတန်းတလျှောက် အာသံမဏိပူရ စသည့်ဒေသများ ကို အင်္ဂလိပ်တို့ အားပေးအပ်လိုက်ရာတွင် ကော့ကရိတ်ဒေသသည်လည်း နယ်ချဲ့တို့ လက်အောက် ကျရောက်ခဲ့လေသည်။ နယ်ချဲ့တို့ က အုပ်ချုပ်ရေးစနစ် ချမှတ်အုပ်ချုပ်သောအခါ ခရစ်နှစ် ၁၈၉၅ ပြည့်နှစ်တွင် ဟောင်သရောမြို့ ကို ထူထောင်လေသည်။ ကော့ ကရိတ်ဒေသသည်ဟောင်သရောမြို့  တွင်ပါဝင်ပြီး တိုက်နယ်အဆင့်ဖြင့် ထားရှိအုပ်ချုပ်လေသည်။ ဟောင်သရောမြို့ နယ်တွင် ကော့ကရိတ် တိုက်နယ်၊ ကျိုက်ဒုံတိုက်နယ်၊ ကမ်းနီတိုက်နယ်ဟူ၍ တိုက်နယ်သုံးခု ဖွဲ့ စည်းအုပ်ချုပ်လေသည်။ အင်္ဂလိပ်မြန်မာဒုတိယစစ်ပွဲပြီးသည့်နောက်ခရစ်နှစ် ၁၉၀၁ ခုနှစ်တွင် ဟောင်သရောမြို့ ကိုပြန်သိမ်းပြီး ကော့ကရိတ်မြို့ ကို ထူထောင်လေသည်။ ထိုစဉ်ကကော့ကရိတ်မြို့ နယ်သည် မြ၀တီ ကြာ အင်းဆိပ် ကြီးမြို့ နယ်များ ပါဝင်သည်။ ခရစ်နှစ် ၁၉၀၁ ခုနှစ်တွင် ကြာအင်းဆိပ်မြို့ ကို သီးခြား ခွဲထုတ်ပြီးမြို့  အဆင့် သတ်မှတ်လေသည်။ ထိုနှစ်၌ပင် ကော့ကရိတ်မြို့ ကို ခရိုင်ခွဲ (Sub-Division) အဖြစ် တိုးမြှင့်ပြီး နယ်ပိုင်တဦးခန့် အပ်၍ အုပ်ချုပ်လေသည်။ ကော့ကရိတ်သည် ခရိုင်ခွဲမြို့ အဖြစ် စစ်ပြီးခေတ်အထိ တိုင်ခဲ့လေသည်။ နိုင်ငံလွတ်လပ်ရေးရပြီးနောက် ကရင်ပြည်နယ်သတ်မှတ်ရာတွင် ကော့ကရိတ် ခရိုင် ခွဲကို ကျိုက်ခမီခရိုင်မှ ခွဲထုတ်ပြီး ခရစ်နှစ် ၁၉၅၅ ခုနှစ်၊ ဂျွန်လ ၁ ရက်နေ့ တွင် ကရင်ပြည်နယ် ဘားအံ ခရိုင်အတွင်းသို့ ထည့်သွင်းလေသည်။ ထိုမှ ကရင်ပြည်နယ်အစိုးရက ခရစ်နှစ် ၁၉၆၀ ပြည့်နှစ်၊ မတ်လ ၁ ရက်နေ့ တွင် မြ၀တီမြို့ ကို ခွဲထုတ်သတ်မှတ်လိုက်သည်။ကော့ကရိတ်ခရိုင်ခွဲမြို့ သည် ကြာအင်းဆိပ်ကြီး မြို့ မြ၀တီမြို့ တို့ အား ထည့်သွင်းဖွဲ့ စည်းလေသည်။
          ၁၉၆၂ ခုနှစ်၊ တော်လှန်ရေးကောင်စီ တက်ရောက်လာပြီး နိုဝင်ဘာလ ၆ ရက်နေ့ တွင် ကရင်ပြည်နယ် လုံခြုံရေးနှင့် အုပ်ချုပ်ရေးကော်မတီက ကော့ကရိတ်ခရိုင်ခွဲကို ခရိုင်မြို အဖြစ် သတ်မှတ်ခရိုင်လုံခြုံရေးနှင့် အုပ်ချုပ်ရေးကော်မတီကို ဖွဲ့ စည်းလေသည်။ ကော့ကရိတ်ခရိုင်သည် မြ၀တီ၊ ကြာအင်းဆိပ်ကြီြးံမို့ များ ပါဝင်လေသည်။
          တော်လှန်ကောင်စီက အုပ်ချုပ်ရေးစနစ်သစ် ချမှတ်ဆောင်ရွက်သောအခါ ၁၉၇၁ ခုနှစ်တွင် ခရိုင်မြို့ များကို ဖျက်သိမ်းကော့ကရိတ်မြို့ သည် မြို့ နယ်အဖြစ် ပြန်လည်သတ်မှတ်ပြီး မြို့ နယ်လုံခြုံ ရေးနှင့် အုပ်ချုပ်မှုကော်မတီက ဆက်လက်အုပ်ချုပ်ပြန်လေသည်။
          ယခုအခါ ကော့ကရိတ်မြို့ သည် မြို့ မရပ်ကွက် ၆ခု၊ ကျေးရွာ အုပ်စု ၅၇ ခုရှိလူဦးရေအရ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ၂ ဦး၊ ပြည်နယ်ပြည်သူ့ ကောင်စီဝင်၉ဦး၊ မြို့ နယ်ပြည်သူ့  ကောင်စီဝင် ၈၄ ဦး၊ နှင့် ရပ်ကွက်ပြည်သူ့ ကောင်စီဝင်၆၁၆ ဦး သတ်မှတ်လျက်ရှိလေသည်။
မြို့ နယ်အလှ
ဒေါနတောင်ခြေရှိ ကော့ကရိတ်မြို့ နယ်သည် အဖိုးတန်ကျွန်းသစ်များ၊ ဓာတ်သတ္တုပစ္စည်းများ ထွက်မြို့ နယ်၏တောင်ဘက် လောင်းကိုင်ကြာအင်းရွာတို့ တွင် ဒူးရင်၊ မင်းကွတ်၊ နာနတ်သီးများထွက် ရှိ၍ ထင်ရှားလေသည်။ ရေလမ်း၊ ကုန်းလမ်းတို့ ဖြင့် ကုန်သန်းသွားလာဆက်သွယ်နိုင်၍ တနေ့ တခြား တိုးတက်စည်ပင်လျက် ရှိလေသည်။
                မြို့ နယ်၏အရှေ့ ဘက်တွင် ရှေးကခံတပ်မြို့ ဟောင်းဖြစ်သော မြို့ ဟောင်းရွာ၊ အနောက်ဘက်တွင် နောင်တမံရွာ၊ တောင်ဘက်တွင် သုံးဆယ်သုံးဆူရွာတို့ မှာ တခေတ်တချိန်က မြို့ စားမင်းများ မြို့ ထူထောင်၍ ထင်ရှားခဲ့သည်။
          မြို့ နယ်၏မြောက်ဘက်တွင် နောင်ထပံလိုဏ်ဂူ၊ နောင်တပွဲရွာအနီး တောင်ကလေးဂူနှင့် မြို့နယ် ၏တောင်ဘက်ရှိ ဒါးလောင်းစေတီတို့ မှာ သမိုင်းထင်ရှားခဲ့ပြီး မြို့ နယ်၏အလှအဖြစ် တည်ရှိနေ လေသည်။
Leave a comment